Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြိုထဲမှ ဒေသခံတစ်ဦး၏ ပါးပြင်ကို စစ်ကောင်စီပစ်ကျည်စထိမှန်ပြီး လျှာပြတ်ထွက်ကာ သွားများပါကျွတ်သွားကြောင်းသိရ

မြောက်ဦးမြိုထဲမှ ဒေသခံတစ်ဦး၏ ပါးပြင်ကို စစ်ကောင်စီပစ်ကျည်စထိမှန်ပြီး လျှာပြတ်ထွက်ကာ သွားများပါကျွတ်သွားကြောင်းသိရ

AB News – ဇန်နဝါရီ ၁၁၊၂၀၂၄

စစ်ကောင်စီအဖွဲမှပစ်ခတ်သော လက်နက်ကြီး ကျည်စထိမှန်သည့် ရက္ခိုင်ပြည် မြောက်ဦးမြိုခံ ၁ဦး၏ ပါးပြင်တွင် ထိမှန်၍ လျှာပြတ်ထွက်ကာ သွားများပါကျွတ်ထွက်သွားပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ရက် ညနေ ၈နာရီအချိန်ခန့်တွင် မြောက်ဦးမြို အခြေစိုက် စစ်ကောင်စီအဖွဲ  ၅၄၀ တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်ပြီး မြောက်ဦးမြို မြိုသစ်ရပ်ကွက်မှ ဦးသောကြာအောင် အသက် ၆၀နှစ်မှာ လက်နက်ကြီး ကျည်စ ပါးကိုဖောက်၍ လျှာပိုင်းသွားပြီး သွား ၇ ချောင်းလည်းကျွတ်သွားကြောင်း ဒေသခံ ၁ဦးကပြောသည်။

“လက်နက်ကြီးတွေက မြိုထဲကိုတရစပ်ပစ်နေတာဘဲ။ မြိုသစ်မှာကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်စက သူ့ရဲ့ပါးကိုဖောက်သွားပြီး လျှာပိုင်းသွားတယ်။ သွား ၇ ချောင်းလည်းကျွတ်သွားတယ်” ဟုဆိုသည်။

မြောက်ဦးတွင် ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့က မြိုခံ အရပ်သား ၃ ဦး ဓားစာခံဖမ်းဆီးခံရခဲ့ကာ ၎င်းတိုမှာ စစ်ကောင်စီ၏ ပစ်သတ်ခံခဲ့ရကြောင်း ညီနောင်မဟာမိတ်အဖွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုအပြင် စစ်ကောင်စီက ရက္ခိုင်တို၏ အသည်းနှလုံးအဖြစ် တင်စားခေါ်ဝေါ်သည့် ရှေးဟောင်းမြောက်ဦးမြို နန်းတော်ရာကုန်းကို ၆ ကြိမ်တိုင်တိုင် ပစ်ခတ် ဖျက်ဆီးခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ရက် နေ့က မင်းပြားမြိုအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြားမြိုနယ်မှ ၁ဦးသေဆုံးပြီး ရဟန်းသံဃာ ၁ပါးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ