သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ

AB News -ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် နေရာ ၂ ခုကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟု သိရသည်။

မြောက်ဦးမြို့နယ်၊ လေညင်းတောင်ကျေးရွာကို ယမန်နေ့ ည ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သည်ဟု ဒေသခံ ၁ ဦးက AB News သို့ ပြောသည်။

‘’ ည ၁၁ နာရီလောက်မှာ လာချတာ။ ပြည်သူတွေ အိပ်နေတဲ့ အချိန် ချတာ။ ကံကောင်းလို့ ရွာပြင်မှာ ကျသွားတယ်။ လူတော့ အထိအခိုက်မရှိဘူး၊ စိုက်ခင်းတွေ ပျက်စီးသွားတယ်’’ ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင် ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၄ ဦး အပါအဝင် ဒေသခံ ၅ ဦးသေဆုံးခဲ့ကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာကိုလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၄ ထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က AB News သို့ပြော သည်။

‘’ ကျောက်ဖြူမှာ မနေ့က ဗုံးကြဲတယ်။ ဓညဝတီရေတပ် ရေတပ်ဌာနချုပ်နဲ့ နီးတဲ့ ဦးကင်း ကျေးရွာမှာ ကျတယ်။ ပြည်သူ ၄ ယောက်ထက်မနည်း သေသွားတယ်ကြားတယ်။ ဒဏ်ရာရတာတွေလည်း များတယ်လို့သိထားပါတယ်’’ ဟု ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများအပြင် တိုက်ပွဲဖြစ်ပွားသည့် နေရာ၏ အနီးဝန်းကျင်များကိုလည်း လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန် ဆက်တိုင်းပြုလုပ်လာသည့်အတွက် အာရက္ခပြည့်သူတော်လှန်းရေးအစိုးရမှ လေကြောင်းအန္တရာယ် သတိထား နေထိုင်ကြရန် သတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ