Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် လက်နက်ကြီးကျည်ထိ၍ ဆေးရုံတင်ထားရသူ ၆ ဦးမှ ၁ ဦးသေဆုံး

AB News- ဒီဇင်ဘာ ၂၄၊ ၂၀၂၃

မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော် AA တို့ ယနေ့နံနက်အရုဏ် ၃ နာရီခွဲ ဝန်းကျင်အချိန်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ ဆေးရုံတင်ထားရသည့် ပြည်သူ ၆ ဦးမှ ၁ ဦးသေးဆုံးသွားကြောင်း AB News မှစုံစမ်းသိရှိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်နေ အဖဦးကျော်စိန်အောင်၏သား ဦးလင်းဇော်ထွန်း ၂၉ ဖြစ်ပြီး ပေါင်နှင့် ဦးခေါင်းတို့တွင်လက်နက်​ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မြောက်ဦးဆေးရုံကြီးတွင် ဆီးကုသမှုခံယူနေစဥ် ယနေ့နံနက် ၉နာရီမိနစ် ၂၀ အချိန်တွင် ကွယ်လွန်သွားကြောင်း စုံစမ်းသိရှိရသည်။

ဒဏ်ရာရှိသူများမှာ မြောက်ဦး​မြို့နယ်၊ ရွာဟောင်းတောရွာမှ ဦးမောင်မောင်သိန်း (၄၀နှစ်)နှင့် ဦး​ကြိုင်သာအောင်၏သား ဦးစိုးဝင်း (၄၃နှစ်)၊ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်မှ ဦးပေါက်စချေ (၃၉နှစ်)၊ မောင်မျိုးထွန်းလင်း (၁၄နှစ်)၊ အဖဦးကျော်စိန်အောင်၏သား ဦးလင်းဇော်ထွန်း (၂၉နှစ်)၊ မဝတီလှိုင် (၁၉နှစ်)တို့ဖြစ်သည်။

ရက္ခိုင်​ပြည်တွင် နိုဝင်ဘာ (၁၃)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော်တို့ မြို့နယ်အသီးသီးတွင် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဥ်များ၊ စစ်သင်္ဘောများ၊ ဒရုန်းများဖြင့် အရပ်သားပြည်သူများနေထိုင်ရာ နေရာဒေသများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေလျှက်ရှိရာ ဒဏ်ရာရရှိသူ ၁၃၀ ကျော်ထိရှိပြီး ၄၄ ယောက်ကျော်ရှိနေပြီဖြစ်သည်။

မြောက်ဦးတွင် ဆက်လက်ပြီး စစ်ကောင်စီအဖွဲ့ ၅၄၀၊ ၃၇၇ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အရပ်သားများ နေထိုင်သည့် ရပ်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လျက်ရှိကြောင်း မြို့ခံများကပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ