Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စကစ ၃၇၇ တပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း မီးလောင်

မြောက်ဦးတွင် စကစ ၃၇၇ တပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း မီးလောင်

AB News – ဇန်နဝါရီ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြိုတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ပညာနန်းရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း မီးလောင်းသွားသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ နေ့လည် ၁၂ နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲက လက်နက်ကြီး   ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ရာ ၎င်းကျောင်းသို ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်သွားကြောင်း ဒေသခံ တစ်ဦးက AB News သိုပြောသည်။

“စကစ တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်၊ အဲ့ဒီကျောင်းမှာ ၁ လုံးပေါက်ကွဲသွားတယ်၊ မှန်ပြတင်းပေါက်တွေ ကွဲထွက်သွားပြီး အခန်းထဲမှာလည်း မီးလောင်နေတယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ အဖွဲသည် မြောက်ဦးမြိုသို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများလည်း ဗုံးခိုကျင်းထဲတွင် ဝပ်နေရကြောင်း သိရသည်။

ထိုအပြင် ယနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လည် ၁၂ နာရီကျော်တွင်လည်း မင်းပြားမြိုမြစ်တစ်လျှောက်တွင်ရှိသော စကစ ရေတပ်နေဗီများက လက်နက်ကြီးလှမ်းပစ်မှုကြောင့် မြိုခံ ၄ ဦးဒဏ်ရာရရှိခဲ့ကာ အိမ် ၂ ဆောင် မီးလောင်ကျွမ်းခဲ့ရသည်။

လက်ရှိ မြောက်ဦးတွင် ရက္ခိုင်ပြည်သူများကို နှစ်ရှည်လများဒုက္ခပေးနေသော စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်အပြင် ကန်ဇောက်အခြေစိုက်  တပ်မတိုကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ