သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြိုင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ သံဃာတော် ၂ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုရား၊ စေတီ၊ ပုထိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၉ နာရီ၊ ၅၆ မိနစ်အချိန်နှင့် ညနေ ၁၀နာရီကျော်အချိန်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ကြိမ်တိုင်တိုင် လာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်ဒေါင်မင်း မြေပြင်သတင်းမှန်ပြန်ကြားအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ကြဲချတိုက်ခိုက်မှုကြောင့် ညောင်အုပ်ကျေးရွာရှိ သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း ၊ စေတီ ၂ ဆူနှင် လူနေအိမ် ၁ လုံးပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်း(က) ကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်း မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ