သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြိုင်မြို့နယ်တွင် စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာရ
မြိုင်မြိုနယ်၊ ကံကြီးကျေးရွာကို ယနေ့ နံနက်အစောပိုင်းအချိန်တွင် စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ် အဆောက်အအုံများအား မြင်တွေ့ရစဉ်။

AB News – နိုဝင်ဘာ ၂၀ ၊ ၂၀၂၅
ဆိုဖီ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံ ၅ ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်းရှိကြောင်း ဒေသခံများက ဆိုကြသည်။

ယနေ့ နိုဝင်ဘာ ၂၀ ရက် နံနက်အစောပိုင်းအချိန်တွင် မြိုင်မြို့နယ်၊ ကံကြီးကျေးရွာအား အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ဗုံးကျရောက်ပေါက်ကွဲ၍ အိပ်မောကျနေကြသည့် ကလေး ၃ ဦး အပါအဝင် ဒေသခံ ပြည်သူ ၅ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နေအိမ် ၁၅ လုံး ပျက်စီးသွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများအနက် အခြေနေစိုးရိမ်ရသူများအား လက်ရှိတွင် နီးစပ်ရာ ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၈ နာရီခန့်တွင် စစ်ကော်မရှင်မှ လေကြောင်းဖြင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းရွာသို့ ဗုံကြဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ