သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မော်ချီး နှင့် ဒီမော့ဆို မြို့နယ် ၂ ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေး ၁ ဦးအပါအဝင် ၇ ဦး သေဆုံး

AB News – ဇူလိုင် ၁၄၊ ၂၀၂၅
ဒေဝီ

ကရင်နီ ပြည်နယ်ရှိ မော်ချီးမြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့ရှိ စက်စရာရပ်ကွက်ကို ဇူလိုင် ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Wi-Fi အသုံးပြုနေသည့် လူအုပ်စုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မော်ချီးဒေသသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ခံနေရသည့် ဒေသတစ်ခုဖြစ်ပြီး ယခုအကြိမ်သည် ၈ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။

ဇူလိုင်လ ၂ ပတ်အတွင်း မော်ချီးဒေသ၌ ပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

ဇူလိုင် ၉ ရက်နေ့ကလည်း မော်ချီးမြို့၊ လိုလော်ထီးရွာကို စစ်ကောင်စီက ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သေးသည်။

အလားတူ ဇူလိုင် ၁၄ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်တွင် ဒီမော့ဆိုမြို့နယ်ကို စစ်ကောင်စီက ပေါင် ၂၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဆေးခန်းအပါအဝင် အဆောက်အအုံ ၂ ခုနှင့် ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ