သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မော်ချီးတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၂၂ ဦး သေဆုံး
မော်ချီးတွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၂၂ ဦး သေဆုံး

AB News- သြဂုတ် ၁၈၊ ၂၀၂၅

ဒေဝီ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် အရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး နေအိမ်များနှင့် ဆေးရုံများလည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် မော်ချီးဒေသကို တစ်ရက်တည်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နံနက် ၇ နာရီကျော်က တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပျက်စီးခဲ့သည်။

ထို့နောက် နေ့လယ် ၁၂ နာရီကျော်တွင် ထပ်မံဗုံးကြဲခဲ့ရာ ပြည်သူ ၂၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်သည် မော်ချီးဒေသကို ယခုတစ်ကြိမ်အပါအဝင် အကြိမ် ၁၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဖြစ်ရာ စုစုပေါင်းပြည်သူ ၅၀ ကျော် သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့သည်။

ဩဂုတ်လ ၈ ရက်နေ့ကလည်း ဖားဆောင်းမြို့နှင့် ခဲမဖြူရွာအနီးတစ်ဝိုက်ကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကြဲချခဲ့ရာ စာသင်နေသော ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယခုဩဂုတ်လအတွင်း ကရင်နီပြည်နယ်ရှိ မော်ချီး၊ ဖားဆောင်းနှင့် ဒီးမော့ဆိုအနောက်ခြမ်းတို့အား လက်နက်ကြီးဖြင့်ပစ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ