Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အမျိုးသမီး ၁ဦး၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရ

မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အမျိုးသမီး ၁ဦး၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ နခခ ၅ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၁၅ရက်နေ့ နေ့လည် ၂နာရီကျော်အချိန်တွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီး ၁ဦး၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူမှာ မောင်တောမြို့နယ်၊ ရွာသာယာရွာမှ ​ဒေါ်မသာနု ၅၈နှစ် ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ရက်နေ့ နေ့လည် ၂နာရီကျော်အချိန်တွင် နခခ ၅ တပ်ရင်းမှ မောင်တောမြို့နယ်ရှိ ကန်သာယာအထက်ရွာ၊ ကန်သာယာအလယ်ရွာနန့် ကံပြင်သာစည်ရွာတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

လက်နက်ကြီး ၃လုံးသည် ကန်ပြင်သာစည်ရွာနှင့် ရွာသာယာရွာကြားရှိ ဒေါ်မသာနု စိုက်ခင်းတွင် ကျရောက်ပေါက်ကွဲပြီး ဒေါ်မသာနု၏ ဦးခေါင်းတွင် ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

” မနေ့က နေ့လည် ၂နာရီကျော်အချိန်မှာ စစ်ကောင်စီအဖွဲ့ နခခ ၅ တပ်ရင်းက ကန်သာယာအထက်ရွာ၊ ကန်သာယာအလယ်ရွာနန့် ကံပြင်သာစည်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး ၃လုံးဟာ ကန်ပြင်သာစည်ရွာနှင့် ရွာသာယာရွာကြားမှာ ကျရောက်ပေါက်ကွဲပြီး စိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ ဒေါ်မသာနုရဲ့ ဦးခေါင်းမှာ ကျည်စထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့တယ်။ နွား ၁ကောင်လည်း ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့သည် လူမဆန်စွာ အရပ်သားပြည်သူများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသောကြောင့် ရက္ခိုင်ပြည် မြို့နယ် အများအပြားတွင် သေဆုံးသူ ၄၀ ကျော်ထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော် ရှိလာနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ