Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ၍ မူဆလင် လူငယ် အမျိုးသား ၁ဦးသေဆုံး

မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ၍ မူဆလင် လူငယ် အမျိုးသား ၁ဦးသေဆုံး

AB News – ဒီဇင်ဘာ ၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ၍ ဒုညောင်ပင်ကြီးရွာမှ မူဆလင် လူငယ်အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးရွာမှ အဖ ဦးအီနူ၏ သား အန်နာမူဟာဆောင်း ၂၂နှစ်ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၃နာရီကျော်အချိန်ခန့်တွင် အန်နာမူဟာဆောင်းသည် နူရ်လ္လာရွာပျက် ဗလီနှင့် အာရဗီစာသင်ကျောင်းအနီးတွင် နွားကျောင်းနေစဥ် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ငယ်ကျဥ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ကျေးရွာသား ၁ဦးက AB Newsသို့ ပြောသည်။

“ဒီက မူဆလင်ရွာသားတွေက ရွာအနီးမှာ ကျွဲ၊ နွားကျောင်းနေကြတာ။ မနေ့က ညနေ ၃နာရီကျော်မှာ အန်နာမူဆောင်းဟာ နူရ်လ္လာရွာပျက်ရဲ့ ဗလီနှင့် အာရဗီကျောင်းအနီးမှာ စစ်ကောင်စီအဖွဲ့ကလက်နက်ငယ်ဖြင့် ပစ်လို့ အယ်နာမူဟာဆောင်း သေဆုံးခဲ့တယ်”ဟု ဆိုသည်။

နောက်ကျေးရွာသား ၁ဦးက “အခုဆိုရင် အပြင်ထွက်ပြီး အလုပ်မလုပ်ရဲတော့ဘူး။ အပြင်ထွက်ရင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီး၊ သတ်ဖြတ်မှာကို စိုးရိမ်နေကြတယ်။ အခုက ကုန်ဈေးနှုန်းတွေ တက်နေတော့ အပြင်ထွက်ပြီး အလုပ်မလုပ်ရင် အငတ်ဘေးတောင် ရောက်နိုင်တယ်” ပြောသည်။

စစ်ကောင်စီအဖွဲ့၏ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်နေမှုများကြောင့် အရပ်သားပြည်သူများမှာ အပြင်ထွက်ပြီး အလုပ်လုပ်ရမှာကို ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့မှ စ၍ ရက္ခိုင့်တွင် တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့၏ လက်နက်ကြီး၊ လက်နက်​ငယ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုများကြောင့် အရပ်သားပြည်သူများ၏ အိုးအိမ်၊တိုက်တာများအပြင်၊ အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ