Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ်စ ထိမှန်၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးအပါအဝင် ၄ဦး ဒဏ်ရာရ

မောင်တောမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ်စ ထိမှန်၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးအပါအဝင် ၄ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီအဖွဲ့ နခခ ၅ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ် ထိမှန်၍ ရွှေရင်အေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးအပါအဝင် ၄ဦး

ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများမှာ ကိုယ်ဝန် ၉လရှိသော အမျိုးသမီး ဒေါ်လှစိန်ဝင်း ၂၂နှစ် ၊ ဒေါ်လှစိန်ဝင်း၏ ယောကျ်ားဖြစ်သူ ဦးမောင်လှအေး ၂၅နှစ် ၊ ဒေါ်ခင်ရီး ၆၂နှစ်နှင့် သူမ၏ မြေးတို့ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ရက်၊ ညနေ ၆ခန့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီအဖွဲ့ နခခ ၅တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျဥ် ၂လုံးသည် ရွှေရင်အေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွှေရင်အေးရွာသား ၁ဦးက ဆိုသည်။

” နခခ ၅ တပ်ရင်းမှ ပစ်ခတ်တဲ့ လက်နက်ကြီးကျဥ် ၂လုံးဟာ ရွာမှာ ကျရောက်ပေါက်ကွဲဲပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး၁ဦးနဲ့ အခြား ၃ဦး ဒဏ်ရာရရှိခဲ့တယ်”ဟု ဆိုသည်။

ယခုအချိန်တွင် ရွှေရင်အေးရွာမှ ဒဏ်ရာရရှိသူ ၄ဦးမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ