AB News – ဇန်နဝါရီ ၄၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မောင်တောမြိုနယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ဇန်နဝါရီလ ၄ ရက်၊ မနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ၁၈နှစ်အောက်အရွယ် အမျိုးသမီး၂ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ဒဏ်ရာရရှိသူမှာ မောင်တောမြိုနယ်၊ ကန်သာယာအထက်ကျေးရွာမှ မနုနုဝေ ၁၁နှစ်၊ မစံပယ်မိုး၁၇နှစ်၊ ဦးကောင်းလှညို ၇၅နှစ်တိုဖြစ်သည်။
ယနေ့ဇန်နဝါရီလ ၄ ရက်၊ မနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး မောင်တောမြိုနယ်၊ ကန်သာယာအထက်ကျေးရွာမှ ၁၈နှစ်အောက်အရွယ် အမျိုးသမီး၂ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။
“ဒီနေ့ မနက် ၁၁နာရီကျော်အချိန်မှာ နခခ ၅ တပ်ရင်းက လက်နက်ကြီး ၁၀လုံး ပစ်ခတ်တယ်။ လက်နက်ကြီး ၁လုံးဟာ ကန်သာယာအထက်ကျေးရွာက ဦးကောင်းလှညို နေအိမ်မှာ ကျရောက်ပေါက်ကွဲတယ်။ အဲ့ဒါကြောင့် ဦးကောင်းလှညိုမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ နောက် ၁လုံး ရွာလယ်မှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။
စစ်ကောင်စီအဖွဲ နခခ ၅ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီကျည် ထိမှန်ပြီး ဦးကောင်းလှညို၏ နေအိမ်မှာလည်း ပျက်စီးခဲ့ရသည်။
စစ်ကောင်စီအဖွဲ နခခ ၅ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီကျည် ထိမှန်ပြီး မနုနုဝေ၊ မစံပယ်နှင့် ဦးကောင်းလှညိုတိုမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိမှာ မောင်တောမြိုမဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ရက်နေ့ကလည်း စစ်ကောင်စီအဖွဲသည် စစ်ဖက်နှင့်မသက်ဆိုင်သည့် ကျောက်တော်မြိုနယ်၊ မျောက်တောင်ကျေးရွာသို ဒရုန်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၃နှစ်အရွယ်ကလေးငယ် ၁ဦးအပါအဝင် အမျိုးသား ၁ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။