သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးကုတ်မြို့ ထွေအုပ်ရုံးကို စစ်ကော်မရှင် ဗုံးကြဲ
မိုးကုတ်မြို့ ထွေအုပ်ရုံးကို စစ်ကော်မရှင် ဗုံးကြဲ

AB News – သြဂုတ် ၁၇၊ ၂၀၂၅

ဒေဝီမန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်ရုံး) အနီးတွင် စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်း သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကော်မရှင်၏ ဂျက်တိုက်လေယာဉ် ၂ စီးသည် မိုးကုတ်မြို့၊ ပတ္တမြား ငမောက်ရပ်ကွက်ရှိ ထွေအုပ်ရုံးအနီးသို့ ဗုံးများလာရောက်ကြဲချခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ သေဆုံးသူဦးရေမှာ ပိုများနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့ကလည်း မိုးကုတ်မြို့၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုကြောင့် ပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၅ လုံးလည်း ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။

ယခုလအတွင်း စစ်ကော်မရှင်သည် မိုးကုတ်မြို့ကို ၂ ကြိမ်၊ ကျောက်မဲမြို့နယ်ကို ၁ ကြိမ်နှင့် သီပေါမြို့ကို ၂ ကြိမ် လေကြောင်းမှ ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုများကြောင့် ကလေး ၃ ဦးနှင့် သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် နေအိမ် ၂၅ လုံး၊ အဆောက်အအုံ ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကား ၄ စီးနှင့် ဆိုင်ကယ် ၃ စီးတို့လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ