Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားပြည်သူ ၆ ဦးပြင်းထန်ဒဏ်ရာရ

မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားပြည်သူ ၆ ဦးပြင်းထန်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားတိုင်းဗဟို ၉ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် အိုးပူတောင်ရွာထဲသို့ ကျရောက် ပေါက်ကွဲပြီး အရပ်သား ပြည်သူ ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၂ နှစ်အရွယ် မင်းသိန်းစိုး၊ အသက် ၁၈ နှစ်အရွယ် ခင်မြတ်သန်း၊ ဦးကျော်စိန် လင်နှင့်မယား၊ တစ်ခြားအမည်မသိရသေးသူ ၂ ဦးတို့ဖြစ်သည်။

စစ်ကောင်စီသည် ယနေ့ ၇ နာရီကျော်ခန့်မှစ၍ လက်နက်ပစ်ခတ်ခဲ့ရာ ၎င်းရွာအတွင်းသို့လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲ၍ ဒဏ်ရာ ပြင်းထန်ရသွားကြောင်း နီးစပ်သူတစ်ဦးက AB News သို့ ပြောသည်။

“တိုင်းဗဟို ၉ ကပစ်တာပါ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲပြီး လူတွေ ပြင်းထန်ဒဏ်ရာတွေ ရရှိသွားပါတယ်” ဟု ဆိုသည်။

၂ နှစ်အရွယ်ကလေးငယ်၏ ဝမ်းဗိုက်တွင် အအူထွက်သွားပြီး ခင်မြတ်သန်းတွင်လည်း ဦးခေါင်း၌ ပြင်းထန်ရရှိခဲ့သည့်အတွက် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရသည်။

ကျန် ၄ ဦးသည် ရွာတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ဒဏ်ရာရရှိသူများအား ဆက်လက်အတည်ပြုရန် AB News ကစုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ