Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံမူဆလင် ၂၁ဦး သေဆုံး၊ ၂၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိ

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံမူဆလင် ၂၁ဦး သေဆုံး၊ ၂၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိ

AB News – မတ်လ ၁၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ မတ်လ ၁၈ရက်နေ့၊ နံနက် ၁နာရီကျော်ခန့်အချိန်တွင် သာဒေ (မူဆလင်) ကျေးရွာမှ ရွာသား ၂၁ဦး သေဆုံးခဲ့ရပြီး ၂၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက အတည်ပြုပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းအချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် မင်းပြားမြို့နယ်၊ သာဒေကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် မင်းပြားမြို့နယ်၊ သာဒေကျေးရွာအတွင်း စစ်ကောင်စီအဖွဲ့က ကြဲချပစ်ခတ်ခဲ့သည့်ဗုံး ကျရောက်ပေါက်ကွဲကာ ကျေးရွာသား ၂၁ဦး သေဆုံးခဲ့ရပြီး ၂၅ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ မနက် အစောပိုင်းက ဗုံးကြဲခဲ့တာပါ။ ကြဲချခဲ့တဲ့ဗုံးဟာ ရွာအတွင်းက နေအိမ်တွေမှာ ကျရောက်ပေါက် ကွဲခဲ့တယ်။ အိပ်နေတဲ့ အချိန်ဆိုတော ပြေးဖို့တောင် အချိန်မရလိုက်ဘူး။ ရွာသား ၂၁ဦး သေဆုံးခဲ့တယ်။ ၂၅ဦး ဒဏ်ရာရရှိခဲ့တယ်။ သွေးသံရဲရဲကြားမှာ သေကြေနေကြတာ ကြည့်တောင် မကြည့်ရဲဘူး” ဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာဒေ‌ကျေးရွာမှ နေအိမ် ၁၀ ဆောင်ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မင်းပြားမြို့နယ်၊ သာဒေကျေးရွာမှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် လူနာ ၂၅ဦးမှာ မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံ၌ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း မြို့ခံများက ဆိုသည်။

ယမန်နေ့ မတ်လ ၁၇ရက်နေ့တွင် စစ်တွေမြို့၊ အမှတ် ၁၂ရဲတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးအပါအဝင် ၃ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့က မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းဘာကြီးရပ်ကွက်မှ အလယ်တန်းကျောင်း(ခွဲ) လုံးဝ ပျက်စီးခဲ့ရသည်။

ရက္ခိုင်ဒေသအတွင်း တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ မြို့၊ ရွာများကို ဗုံးကြဲတိုက်နေသောကြောင်း ပြည်သူများမှာ နေစဉ်ရက်ဆက် သေကြေပျက်စီးနေရသည်။

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ