Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်နေ

မင်းပြားမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်နေ

(စကစ တပ်သား ၃ဦးထက်မနည်း သေဆုံး)

AB News – ဇန်နဝါရီလ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ခြောက်လန့် ပစ်ခတ်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

မင်းပြားမြို့ရှိ ရာမောင်တံတားအနီးတွင် စစ်ကောင်စီ၏ ၁၄၄ ကုန်းမှ ခြေလျင်စစ်ကြောင်း ၁ ခုကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့သည် မင်းပြားမြို့နယ်၊ င/စရိုင်းကျွန်းရှိ မင်းရွာကျေးရွာဖက်သို့ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စကစ တစ်ခုသည် ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်တွင် ၁၄၄ ကုန်းမှ ထွက်ခွာလာစဥ် ရက္ခိုင့်တပ်တော်၏ မိုင်းဆွဲ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စကစတပ်သား ၃ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရပြီးနောက် ၎င်းတို့သည် ပြည်သူများသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး၊ လက်နက််ငယ်များ လှမ်းပစ်နေသည့်အတွက် ဒေသခံရွာသားများမှာ ပုန်းခိုနေကြရကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ အတည်ပြု ပြောသည်။

“သူတို့က ခြေလျင် စစ်ကြောင်းတစ်ခုပါ ၊ AA မိုင်းဆွဲတိုက်ခိုက်လို့ ၃ ယောက်သေသွားပါတယ်၊ ဒါကြောင့် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်နေတာပါ” ဟုဆ်ိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့သည် စစ်ဖက်နှင့်မသက်ဆိုင်သည့် ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာသို့ ဒရုန်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၃နှစ်အရွယ်ကလေးငယ် ၁ဦးအပါအဝင် အမျိုးသား ၁ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာကို စစ်ကောင်စီအဖွဲ့က ဂျက်တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် သုံးလသားအရွယ် ကလေးမိခင် တစ်ဦးသေဆုံးပြီး အသက် ၁၈နှစ်အောက် ကလေးငယ် ၆ ဦးအပါအဝင် ၁၂ ဦးကျည်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်ခံရတိုင်း တိုက်ပွဲ ဖြစ်သည့် ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီး၊ ရဟတ်ယာဥ်၊ ဒရုန်းများဖြင့် ပစ်ခတ်ပြီး ပြည်သူများအား သတ်ဖြတ်လေ့ ရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ