Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုတွင် အပြစ်မဲ့ပြည်သူ ၄ဦးကို စစ်ကောင်စီအဖွဲ ပစ်သတ်၊ အလောင်းကို သယ်ယူခွင့်မရ

မင်းပြားမြိုတွင် အပြစ်မဲ့ပြည်သူ ၄ဦးကို စစ်ကောင်စီအဖွဲ ပစ်သတ်၊ အလောင်းကို သယ်ယူခွင့်မရ

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြိုတွင် အပြစ်မဲ့ပြည်သူ ၄ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၁ရက် ညနေ ၃ နာရီခွဲအချိန်တွင် စစ်ကောင်စီအဖွဲ တပ်ဖွဲဝင်များက ပစ်သတ်ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီအဖွဲ ပစ်သတ်၍ သေဆုံးခဲ့သူများမှာ မင်းပြားမြို၊ မင်းဘာကြီးရပ်ကွက်မှ ကိုဂေါင်းလှ ၂၃ နှစ်၊ ဒေါ်မနန်းဘုံ ၅၀ နှစ်၊ ဒေါ်မဲယဉ် ၄၂ နှစ် နှင့် ဦးသိန်းချေမောင် ၄၅ နှစ် တိုဖြစ်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ရက် ညနေ ၃ နာရီခွဲအချိန်တွင် မင်းပြားမြိုတွင် အပြစ်မဲ့ပြည်သူ ၄ဦးကို စစ်ကောင်စီအဖွဲ တပ်ဖွဲဝင်များက နေအိမ်အတွင်းသို ဝင်ရောက်ပြီး ပစ်သတ်ခဲ့သည်ဟု မြိုခံ ၁ဦးက အတည်ပြုပြောသည်။

“မနေ့က ညနေ ၃ နာရီခွဲအချိန်မှာ စစ်ကောင်စီရေတပ် နေဗီက တပ်သား ၁၀ကျော်ဟာ မင်းဘာကြီးရပ်ကွက်က နေအိမ်တွေကို ဝင်ရောက်ပြီး အိမ်အတွင်း ပုန်းခိုနေသူတွေကို ပစ်သတ်ခဲ့တယ်” ဟု ဆိုသည်။

မင်းပြားမြို၊ တောင်မော်ဦးတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ သည် မင်းဘာကြီးရပ်ကွက်သို လက်နက်ငယ်များဖြင့်တရစပ် ပစ်ခတ်နေသောကြောင့်  သေဆုံးသူ ၄ဦးကို ယခုအချိန်ထိ သင်္ဂြိုလ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ရက်နေ့၊ နံနက်အချိန်မှ စ၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတို တိုက်ပွဲဖြစ်ပွားပြီးနောက် စစ် ကောင်စီအဖွဲသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ ပစ်ခတ်နေသည့်အပြင် တိုက်လေယာဥ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားပြည်သူများ သေကြေထိခိုက်လျက်ရှိသည်။

ရက္ခိုင် တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီပစ် ကျည်ထိ၍ အရပ်သားပြည်သူ ၈၀ နီးပါးထိ သေဆုံးခဲ့ပြီးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ