Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် စစ်ဘေးရှောင် အမျိုးသမီး ၁ဦးမိုင်းနင်းမိပြီး ခြေ ၁ ဖက်ပြတ်ထွက်

မင်းပြားနယ်တွင် စစ်ဘေးရှောင် အမျိုးသမီး ၁ဦးမိုင်းနင်းမိပြီး ခြေ ၁ ဖက်ပြတ်ထွက်

AB News – မတ်လ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် ကျားရဲပြင်ရွာမှ အမျိုးသမီးတစ်ဦးသည် အိမ်သို့သွားရောက်၍ လိုအပ်သည့်ပစ္စည်းများ သွားယူစဥ် လမ်းတွင် စစ်ကောင်စီထောင်ထားသည်ံ့ မိုင်းကိုနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက် သွားခဲ့ကြောင်း သိရသည်။

မိုင်းနင်းမိသူမှာ မင်းပြားမြို့နယ် ကျားရဲပြင်ရွာမှ အဖ ဦးစိန်ဝင်းမောင်၏သမီး အသက် ၁၈ နှစ်အရွယ် မခိုင်စိုးအေးဖြစ်သည်။

၎င်းမှာ မင်းပြားတွင် တိုက်ပွဲဖြစ်စဥ်ကပင် ပေါက်တောမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်နေခဲ့သူ ဖြစ်သည်။

ယနေ့မတ်လ ၁၃ ရက်နေ့ နံနက် ၇နာရီ ၅၀ မိနစ်တွင် စားနပ်ရိက္ခာနှင့် လိုအပ်သည့် ပစ္စည်များယူရန် သွားရောက်စဥ် လမ်းခုလတ်၌ မိုင်းထိသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ ၁ ဦးက  AB News သို့ပြောသည်။

” ဒီရွာမှာစစ်ဘေးရှောင်တာက အဆင်မပြေဘူးလေ။ ရိက္ခာတွေလည်းပြတ်နေတယ်။ မီးလည်းမရှိဘူး။ အဲ့ဒါကြောင့် အိမ်မှာ လိုအပ်တာတွေ ယူဖို့ဆိုပြီး သွားတာပါ။ ခုတော့ ပြောလည်းမပြောချင်တော့ပါဘူး။ ခြေတဖက် ပြတ်သွားပါတယ်” ဟုဆိုသည်။

စစ်ကောင်စီအဖွဲ့ထောင်ထားသော မိုင်းကိုနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားသော သူမကို အနီးအနားဆေးရုံတွင်အရေးပေါ်ဆေးကုသမှုခံယူ​နေရကြောင်း သိရသည်။

မင်းပြားတိုက်ပွဲအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီသည် ရပ်ရွာများသို့ဝင်ရောက်ပြီး မိုင်းများထောင်ထားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် မင်းတက်ရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမျိုးရွှေသန်းသည် မင်းတက်တောင်မှ နီကျော်တောင်ကုန်းသို့ ထင်းခုတ်ရန်သွားစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိပြီး ညာဖက်ခြေထောက် ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်တွင် မိုင်းကြောင့် သေဆုံးသူ၊ ခြေပြတ်၊ လက်ပြတ် နှင့် ဒဏ်ရာရရှိသူများ နေ့စဥ်နှင့်အမျှ ရှိလာနေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ