Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ မူဆလင်အမျိုးသမီး ၁ဦး သေဆုံး

(နေအိမ် ၂ဆောင်နှင့် စပါးတောင်း ၇၀၀ခန့်ရှိ စပါးကျီ ၁လုံးလည်း ပျက်စီးခဲ့ရ)

AB News – မတ်လ ၁၀၊ ၂၀၂၄

မင်းပြားမြို့တွင် စစ်ကောင်စီ၏ ရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယမန်နေ့ မတ်လ ၉ရက်နေ့တွင် မူဆလင်အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။

လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရသူမှာ မင်းပြားမြို့၊ ပိုက်သည် (မူဆလင်) ရပ်ကွက်မှ မဂျီနု ၂၇ နှစ် ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၉ရက်၊ ည ၈နာရီခွဲအချိန်တွင် စစ်ကောင်စီ၏ ရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ မူဆလင်အမျိုးသမီး ၁ဦး သေဆုံးခဲ့ရသည်ဟု ဆွေမျိုးတော်စပ်သူ ၁ဦးက AB News သို့ ပြောကြားသည်။

“သေဆုံးခဲ့သူ ကျနော့်ရဲ့ တူမပါ။ မြို့တွင်းမှာ စစ်ကောင်စီတပ်တွေ မရှိတော့တဲ့အတွက် နေအိမ်တွေမှာ ပြန်နေကြတာပါ။ နေတာတောင် မကြာသေးဘူး။ အခုလို့ အဖြစ်ဆိုးနဲ့ ကြုံတွေရပါ။ သူတို့(စစ်ကောင်စီ)က ပြည်သူတွေကိုသာ အငြိုးထား တိုက်ခိုက်နေတာ” လို့ ဆိုသည်။

ပေါက်တော- မင်းပြား ကြားတွင် ကျောက်ချထားသည့် စစ်ကောင်စီ၏ နေဗီမှ ယမန်နေ့က မင်းပြားမြို့ကို လက်နက်ကြီး ၂ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်နက်​ကြီးကျည်သည် ပိုက်သည်ရပ်ကွက်အတွင်း၌ ဦးဘစိန်၏ စပါးကျီတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ပြာကျခဲ့ရသည့်အပြင် သမီးဖြစ်သူ မဂျီနု မှာလည်း သေဆုံးခဲ့ရသည်။

ထို့အပြင် လက်နက်ကြီးကျည်စ ထိမှန်ကာ ဦးမောင်လုံးချေ၏ နေအိမ်နှင့် ဦးမောင်ဘစိန်၏ နေအိမ်လည်း ပျက်စီးခဲ့ရသည်။

လက်နက်ကြီးကျည်ထိမှန်ကာ စပါးကျီ မီးလောင်ခဲ့သည့်အတွက် စပါးတောင်း ၇၀၀ထက်မနည်း ရှုံးဆုံးခဲ့သည်ဟု ဆိုသည်။

ယမန်နေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် မင်းပြားမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင်း ကင်းဆိပ်ကျေးရွာမှ Music Love KTV မှ အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ဒေသခံများမှ တစ်ဆင့် သိရသည်။

မင်းပြားမြို့နယ် ရာ‌မောင်တံတားအနီးရှိ အမ်းသားရွာအား ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ ညဉ့် ၁၁ နာရီ ၃၈မိနစ်ခန့်အချိန်တွင်  စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့နယ်၊ အမ်းသားရွာမှ လူနေအိမ် ၄ အိမ်ထက်မနည်း ပျက်စီးခဲ့ရပြီး အဆိုပါနေ့တွင်ပင် စစ်ကောင်စီအဖွဲ့က သေကံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာသား ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ကျော်လည်း ပျက်စီးခဲ့ရသည်။

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးအရပ်ဘက်ဆေးရုံကို ဖေဖော်ဝါရီလ ၂၇ နံနက် ၁နာရီ ၄၅မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု လာရောက်ဗုံးကြဲတိုက်ခဲ့ကြောင့် ဆေးရုံမှ ဝန်ထမ်းများ၊ ဆေးကုသမှုခံယူနေသည့် လူနာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များ  ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ