Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကောင်စီအဖွဲ့က စျေးဝယ်လာသည့်ခရီးသည်တင် ကားတစ်စီးထံမှ ရိက္ခါတစ်ချို့ လုယူသွား

AB News – ဒီဇင်ဘာ ၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ် ဖားပြိုအနီး တောင်ပေါ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် စျေးဝယ်လာသည့် ခရီးသည်တင်ကားတစ်စီး ထံမှ ရိက္ခာပစ္စည်းတစ်ချို့ကို လုယူသွားခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကောင်စီအဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ကျော်တွင် ကမ်းနီဖက်မှ ရာမောင်တံတားဖက်သို့ ​သွားစဥ် အကြမ်းဖက် စကစ အင်အား ၂၀ ကျော်ခန့်မှ ဖားပြိုအနီးတွင် ဈေးဝယ်၍ ပြန်လာသည့် ခရီးသည်တင်ကားအား ရပ်ခိုင်းကာ ရိက္ခာတစ်ချို့ လုယူသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” သူတို့က ကမ်းနီဖက်ကနေပြီး ရာမောင်တံတားဖက်ကိုလာတယ်၊ စကစတွေနဲ့ တွေ့တယ်၊ ကားထဲက ပစ္စည်းတစ်ချို့ပေးရမယ်လို့ပြောပြီး လုယူသွားတယ် ” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်းစီအဖွဲ့သည် ကားတွင်ပါလာသည့် ခရီးသည်များနှင့်ကားသမားအား မိနစ် ၃၀ ခန့်ကြာ ရပ်တန့်ထားခဲ့ပြီး ၂ နာရီ ၅၈ မိနစ်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ခရီးသည်တင်ကားမှာ အဖြူရောင် HIJET ကားအမျိုးအစားဖြစ်ပြီး ကားမောင်းသမား ၁ ဦးနှင့် အမျိုးသမီး ခရီးသည် ၄ ဦးကျော်ပါရှိကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ပြည်သူပိုင် ပစ္စည်းများကို လုယူလာနေခြင်း၊ ရပ်ရွာများကို ဝင်ရောက်မီးရှို့ခြင်း၊ လမ်းသွားလမ်းလာသူများနှင့် စပါးရိတ်သိမ်းနေသောလူများအား သေနတ်ဖြင့်လှမ်းပစ်ခြင်းများ ပြုလုပ်လျက်ရရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ