Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ်စ ထိမှန်ပြီး ကလေး၂ဦး အပါအဝင် ၃ဦးသေဆုံး၊ ၅ဦး ပြင်းထန်ဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ်စ ထိမှန်ပြီး ကလေး၂ဦး အပါအဝင် ၃ဦးသေဆုံး၊ ၅ဦး ပြင်းထန်ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျဥ်စ ထိမှန်၍ ကလေး ၂ဦး အပါအဝင် ၃ဦးသေဆုံးပြီး ၅ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၈ရက်၊ မိုးလင်းအရုဏ် ၄နာရီ၊ ၄၀မိနစ်တွင် စစ်ကောင်စီတပ် ခမရ ၅၆၅ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး ၁လုံးသည် ဘူးသီးတောင်မြို့နယ် စံညှင်းဝေအုပ်စု၊ အရှေ့ ပြင်ရှည် (မူဆလင်)ကျေးရွာ၏ အရှေ့ဘက် ဈေးအနီးတွင် ရှိသော စိုက်ခင်းတွင် ပေါက်ကွဲပြီးအလုပ်လုပ်နေသည့် ကလေး ၂ဦးအပါအဝင် ၃ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

” ဒီနေ့ မနက်အရုဏ်တက် ၄နာရီ၊ ၄၀မိနစ်မှာ ခမရ ၅၆၅ တပ်ရင်းမှ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ပါတယ်။ လက်နက်ကြီး ၁လုံးဟာ ​အရှေ့ပြင်ရှည်(မူဆလင်)ရွာရဲ့ အရှေ့ဘက် ဈေးအနီး စိုက်ခင်းမှာ ကျပြီး ပေါက်ကွဲတယ်။ ကလေး ၂ဦး အပါအဝင် ၃ဦးသေဆုံးပြီး ၅ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

သေဆုံးခဲ့သူများမှာ ကွန်တိုင်အုပ်စု၊ ဝါးချီးလားရွာမှ အဖ ဆော်မိဟူလ္လာ၏သား အာဂုရူလ္လာ ၈နှစ်၊

အဖ ရှောမီ၏ သမီး အဒူလ္လာ ၁၀နှစ်၊ အဖ နာဇာမူဇိမ်၏ သမီး ဟာဘေဇာ ၆၀နှစ်တို့ ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူများမှာ အဖ မူနော်ရာမတ်၏သား ဆော်မီယုလ္လာ ၃၈နှစ်၊ အဖ ဘော်ချီးအာမက်၏သား ဂျော်ဟာယော ၂၈နှစ်၊ အဖ အယူဆမ်း၏သား မူဇီဆမ်း ၁၉နှစ်၊ အဖ အာယူဇမ်း၏သမီး မီဇမ်း ၃၀နှစ်နှင့် အဖ နူရူဆလင်၏သား နူရူဇာမက် တို့ဖြစ်သည်။

ဒဏ်ရာရ လူနာ၅ဦးမှာ ဘူးသီးတောင်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ