သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ဘုတ်၊ စက်လှေ၊ လက်လှေများအား သွားလာခွင့် ပိတ်ထား

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ဘုတ်၊ စက်လှေ၊ လက်လှေများအား သွားလာခွင့် ပိတ်ထား

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၃

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီမှ ဘုတ်၊ စက်လှေ၊ လက်လှေများအား သွားလာခွင့် ပိတ်ထားသည်ဟု AB News မှ စုံစမ်းသိရှိရသည်။

ဘူးသီးတောင်မြို့နယ်၊ ငရံ့ချောင်းအုပ်စု၊ တောင်ဘဇာကျေးရွာ၌ အခြေပြုတပ်စွဲထားသော အမှတ် ၁၀ နယ်ခြားစောင့် ရဲတပ်စခန်းမှ ဒု-ရဲမှူးကြီး အောင်ကိုကိုဝင်းမှ ယနေ့ နိုဝင်ဘာလ ၂၄ရက် နံနက် ၆နာရီအချိန်တွင် တောင်ဘဇာ အထက်၊ အောက် သွားလာနေသော ဘုတ်၊ စက်လှေ၊ လက်လှေများအား သွားလာခွင့်များ ပိတ်ထားကြောင်း ရပ်ရွာအုပ်ချုပ်ရေးမှူးများအားပြောကြောင်း သိရှိရသည်။

စစ်ကောင်စီမှ ပစ်မိန့်ထုတ်ထားသည့်အတွက် ဒေသခံပြည်သူများမှာ သွားလာရန် ခက်ခဲနေပြီး

လက်လုပ်လက်စားများတွင်လည်း ဝမ်းစာရှာဖွေရန် အခက်ကြုံလျက်ရှိသည်ဟု ဒေသခံတစ်ဦးက

ပြောသည်။

“ကျနော်တို့က ဘုတ်၊ စက်လှေတွေနဲ့ အလုပ်လုပ်ပြီး အသက်မွေးနေကြတာ၊ အခု သွားလာခွင့်တွေ ပိတ်လိုက်တော့ တနေ့စာ တနေ့ရှာစားနေတဲ့ ကျနော်တို့အတွက် ဒုက္ခဖြစ်ပြီပေါ့” ဟုဆိုသည်။

ရက္ခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာလ ၁၃ရက်နေ့မှစပြီး စစ်ကောင်စီတပ်မှ ရက္ခိုင်ပြည် မြို့များအား ကုန်လမ်း၊ ရေလမ်းများ ပိတ်ထားသဖြင့် အရပ်သားပြည်သူများမှာ အစားအစာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး