Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ နွား တစ်ကောင်သေ

AB News-နိုဝင်ဘာ ၂၀ ရက်

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းအုပ်စု ကျွဲတက်ပြင် (မူဆလင်) ရွာမှ ၃ နှစ်သားအရွယ်ရှိ နွားတစ်ကောင်အား စစ်ကောင်စီတပ်က ပစ်ခတ်သော ကျည်ထိ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း(ရက္ခိုင်)ရွာ ဘုန်းတော်ကြီးကျောင်း တောင်ကုန်း၌ တပ်စွဲထားသည့် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၆ မှ 60-MM လက်နက်ကြီးအမျိုးအစားဖြင့် ပစ်ခတ်၍ ကျည်ထိကာ ကျွဲတက်ပြင်ရွာမှ ၃ နှစ်သားအရွယ် နွားမတစ်ကောင် သေဆုံသွားကြောင်း သိရသည်။

၎င်းနွားမှာ ကျွဲတက်ပြင်ရွာမှ ဦးမာမောက်ဇော်လီ အသက် ၄၀ နှစ်အရွယ်၏ နွားမဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း နယ်စပ်ဒေသ ကထီးလှရွာဖက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖက်က ကြည်း၊ရေ၊လေ အင်အားသုံးကာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ၊ ထိုဒေသရှိ ဒေသခံများမှာလည်း ထွက်ပြေး တိမ်းရှောင်လျက်ရှိကြသော်လည်း အိမ်မွေး ကျွဲ၊ နွား တိရစ္ဆာန် စသည်တို့မှာ လက်နက်ကြီးကျည်ထိ သေဆုံးမှုများ ရှိနေကြောင်း လေ့လာသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ