Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် လက်နက်ကျည်ကျရောက်ပေါက်ကွဲပြီး မူဆလင် ၁ ဦး ဒဏ်ရာရ

ဘူးသီးတောင်တွင် လက်နက်ကျည်ကျရောက်ပေါက်ကွဲပြီး မူဆလင် ၁ ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စကစ အဖွဲ့က ပစ်ခတ်သောလက်နက်ကျည်ကြီးကျည် ရောက်ပေါက်ကွဲ မှုကြောင့် မူဆလင်အမျိုးသား ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ဝါချီးလာရွာမှ အဖ အာဘော်လာ၏သား အသက် ၁၈ နှစ်အရွယ် မောင်မာမောက်ဟာရပ် ဖြစ်သည်။

ယနေ့ ညနေ ၄ နာရီ ကျော်တွင်ဘူးသီးတောင်မြို့ရှိ စကခ ၁၅ တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ဝါချီးလာရွာ၏ စိုက်ခင်းအတွင်းသို့ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ခန္ဓာကိုယ်နှင့် ညာဖက်လက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် နီးစပ်ရာဆေးခန်းတို့တွင် ဆေးကုသခွင့် ခံယူနေရရသည် ဟု နီးစပ်သူ တစ်ဦးက AB News သို့ပြောသည်။

“ဒဏ်ရာကပြင်းပါတယ်၊ ကိုယ်ခန္ဓာနဲ့ လက်မှာရသွားတာဆိုတော့ ဆေးကုသမှုခံယူနေရတယ်၊ အခုထိအဆင်မပြေသေးဘူး” ဟု ဆိုသည်။

ထို့အပြင် မြောက်ဦးမြို့ခံ ၁ ဦးသည် ယနေ့ နေ့လည် ၂ နာရီကျော်က ချောင်းသစ်ရွာသို့သွားပြီး ဆွေးမျိုးများထံမှ ဆန်၊ဆီငရုတ် ယူပြီး ပြန်လာချိန် စကစအဖွဲ့ ၃၁ တပ်ရင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဦးခေါင်၌ ဒဏ်ရာရရှိသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော လူနေရပ်ရွာများသို့ ပစ်ခတ်နေခြင်းသည် နေ့စဥ်ရက်ဆက်သလို ပြုလုပ်လာပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများလည်း ပိုမိုများပြားလျက်ရှိလာသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ