Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် စစ်ကောင်စီပစ်လက်နက်ကြီး ကျည်ထိပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဘူးသီးတောင်တွင် စစ်ကောင်စီပစ်လက်နက်ကြီး ကျည်ထိပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်ဗျူဟာအခြေစိုက် စကခ ၁၅ တပ်မလက်အောက်ခံ ခမရ ၅၆၅ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ ဘူးသီးတောင်မြိုနယ် စံညှင်းဝေအုပ်စု၊ ကွန်တိုင် ( ရက္ခိုင် )ရွာမှ အဖ ဦးစံလှဖော်၏သမီး အသက် ၆၇ နှစ်အရွယ် ဒေါ်အေးချမ်းသာ ဖြစ်သည်။

၎င်းသည် ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ကွမ်းသီးခင်းထဲ၌ ကွမ်းသီးခူးနေချိန် စကစအဖွဲက နေ့လည် ၃ နာရီတွင် ပစ်ခတ်သောလက်နက်ကြီးကျည် ၁ လုံးသည် ယင်းခြံထဲ ပေါက်ကွဲပြီး ညာဖက်လက်မောင်းရင်းတွင် ပြင်းထန်စွာဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သိုပြောသည်။

“သူက သူသားရဲ့ ကွမ်းသီးခြံထဲကို ကွမ်းသီးခူးဖိုသွားတာပါ၊ လက်နက်ကြီးကပစ်နေတယ်၊ ၁ လုံးက ကွမ်းသီးခြံမှာ ပေါက်ကွဲသွားပြီး ညာဖက်လက်မောင်းမှာ ဒဏ်ရာပြင်းထန် ရသွားပါတယ်” ဟုဆိုသည်။

သူမမှာ လက်မောင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် နာရေးကူညီမှုအသင်း၏ကားဖြင့် ဘူးသီးတောင်မြိုမဆေးရုံကြီးသို အရေးပေါ် ပိုဆောင်ခဲ့ရသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ရေစိုးချောင်းဗျူဟာကုန်းမှ  ပစ်ခတ်သောလက်နက်ကြီးကျည် ၁ လုံးသည် ခရုချောင်းကျေးရွာအတွင်း သို ကျရောက် ပေါက်ကွဲ ခဲ့ပြီး စစ်ဘေးရှောင်နေသည့်တက္ကသိုလ် ကျောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲပြည်သူများကို ဦးတည်ပစ်ခတ်လာခြင်းကြောင့် ဒေသခံအပြစ်မဲ့ ပြည်သူများမှာလည်း နေ့စဥ်ရက်ဆက် သေဆုံးလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ