Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူသီးတောင်မြို့နယ်ကို စစ်ကောင်စီကလက်နက်ကြီး ၃ လုံးပစ်ခတ်၊ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၁ ဦးပွဲချင်းပြီးသေဆုံးကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် ဒုံးချောင် ( ရက္ခိုင်) ရွာမှ အသက် ၃၆ နှစ်အရွယ်ရှိ ဒေါ်မမြဝင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ၂၃၂တပ်ရင်းက ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၁၁ ရီကျော်တွင် ဘူးသီးတောင်မြို့နယ် ဒုံးချောင်ရွာသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့သည်။

လက်နက်ကြီး ၁ လုံးသည် ၎င်းရွာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသမီး၏ ဝမ်းဗိုက်နှင့် လက်မောင်းတွင်ကျည်စထိမှန်ကာ ဗိုက်အူထွက်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ၂၃၂ တပ်ရင်းက လက်နက်ကြီး ၃ လုံးပစ်ပါတယ်။ ၁ လုံးကရွာထဲမှာကျရောက်ပေါက်ကွဲတယ်။ မမြဝင်းရဲ ဗိုက်နဲ့ ဘယ်ဖက်လက်မောင်းမှာ ကျည်စထိမှန်သွားတယ်။ ဗိုက်အူထွက်ပြီး သေဆုံးသွားတယ် “ဟုဆိုသည်။

ဘူးသီးတောင်မြို့နယ်အတွင်း စခန်းကုန်းများ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများသို့ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက်ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

လက်ရှိတွင်လည်း ​ဘူးသီးတောင်နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီသည် ၂ ဖက်စစ်ရေး ပြင်းထန်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ