
AB News – ဒီဇင်ဘာ ၂၅ ၊ ၂၀၂၅
ဂျူလိုင်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံစျေးဆိုင်သည် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ၂၄ ရက်၊ နေ့လယ်၂ နာရီ၊ ၅၀ မိနစ်ခန့်တွင် စစ်ကော်မရှင်က gyrocopter ၃ စီးဖြင့် ဘုတလင်မြို့နယ် အရှေ့ဘက်ခြမ်း ဘုတလင်-ရေဦးသွားလမ်းနှင့် ကင်းစမ်းရွာသွားလမ်းဆုံ အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှသိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လမ်းဆုံတွင် ကွမ်းယာဆိုင်ရောင်းနေသော ဆိုင်ရှင်အမျိုးသမီး ၁ ဦးမှာ ယင်းနေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ၎င်း၏အမျိုးသားဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသည်များ နားနေရန် ဆောက်လုပ်ထားသည့် ဇရပ် ၁ ဆောင်လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။