Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားသည့် မြန်မာ BGP အဖွဲ့ စခန်းမစွန့်ခွာမီ စခန်းတွင်းရှိ စားနပ်ရိက္ခာများကို အဆိပ်ခတ်ထားခဲ့

AB News-မတ်လ ၁၃၊ ၂၀၂၄

မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားသည့် မြန်မာ BGP အဖွဲ့ဝင် ၁၇၉ ယောက် ထွက်ပြေးခိုလှုံလာခဲ့ကြပြီး ၎င်းတို့သည် မထွက်ခွာမီ စခန်းရှိ စားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်ခတ်ထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့ မတ်လ ၁၂ ရက်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲအစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်။” ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားကြသည့် BGP များမှာ ရက္ခိုင်ပြည် မောင်တောမြိုနယ်ရှိ အောင်သပြေ နယ်ခြားစောင့်စခန်းမှ ဖြစ်ပြီး ထိုစခန်းအား ရက္ခိုင့်တပ်တော်က မတ်လ ၁၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်စဥ် ထွက်ပြေးခဲ့ကြသူများ ဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်အရ သိရသည်။

“အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရန်သူ့အလောင်းအချို၊ လက်နက်ခဲယမ်းအချိုတိုကိုသိမ်းဆည်းရမိခဲ့သည်။ ဤ စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်” ဟုပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင်လည်း ရခိုင်ပြည်၊ မောင်တော မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲဝင် ၃၃၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို ထွက်ပြေး ခိုလှုခဲ့ကြပြီး အဆိုပါထွက်ပြေးလာသူများအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို ရေကြောင်းဖြင့် ပြန်ပိုခဲ့သည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်းအပြည့်အစုံအား https://shorturl.at/tvOV9 တွင်ဖတ်ရှုနိုင်ပါသည်။

(ဓာတ်ပုံ – စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့)

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ