သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗုံးဒဏ်ကြောင့် မိုးကုတ်တွင် သြဂုတ် ၂ ပတ်အတွင်း ပြည်သူ ၄၀ ဦးသေဆုံး
ဗုံးဒဏ်ကြောင့် မိုးကုတ်တွင် သြဂုတ် ၂ ပတ်အတွင်း ပြည်သူ ၄၀ ဦးသေဆုံး

AB News – သြဂုတ် ၁၈၊ ၂၀၂၅

မျိုးဟိန်း

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂ ပတ်အတွင်း မိုးကုတ်မြို့တွင် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် အရပ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂ ရက်နေ့တွင် မိုးကုတ်​မြို့အနောက်ပိုင်း၌ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ ဆောင်လည်း ပျက်စီးခဲ့သည်။

ထို့နောက် သြဂုတ်လ ၉ ရက်နေ့တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့ရာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကာနေအိမ် ၅ ဆောင်လည်း ဗုံးစထိမှန်ခဲ့သည်။

သြဂုတ်လ ၁၄ ရက်နေ့၌ ရွှေဂူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် ၂၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၅ ဆောင်လည်း ပျက်စီးခဲ့သည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအနီး၌ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး နေအိမ် ၃ ဆောင် ပျက်စီးခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်း အရပ်သား ၄၀ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့​ပြီး နေအိမ် ၃၃ ဆောင် ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၉ ဦး သေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၈ ဆောင်လည်း ပျက်စီးခဲ့သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို သိမ်းပိုက်ထားပြီးနောက် ကျောက်မဲ၊ သီပေါ၊ မိုးဗြဲနှင့် မိုးကုတ်မြို့များကို ဆက်လက်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လာနေသည်။

TNLA က ဒေသခံများကို လေကြောင်းရန်အထူးဂရုစိုက်ရန် သတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ