Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖုန်းထဲ၌ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်ပုံတွေ့သည်ဟုဆိုကာ ရခိုင်မြောက်ပိုင်းမှ မိသားစု ၁ စုကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီး

ဖုန်းထဲ၌ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်ပုံတွေ့သည်ဟုဆိုကာ ရခိုင်မြောက်ပိုင်းမှ မိသားစု ၁ စုကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီး

AB News – ဒီဇင်ဘာ ၂၊ ၂၀၂၃

လက်ကိုင်ဖုန်းထဲ၌ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင် ၁ ဦး၏ ဓာတ်ပုံတွေ့သည်ဟုဆိုကာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့မှ မိသားစု ၁ စုအား စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမိသားစုမှာ အမှတ် ၅ ရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် အဖဖြစ်သူ ဦးမောင်သန်း၊ အသက် ၅၀ နှစ်အရွယ် အမိဖြစ်သူ မအေးသန်းနှင့် အသက် ၁၇ နှစ်အရွယ် ၉ တန်းကျောင်းသား သားဖြစ်သူ မောင်မြတ်ဌေးနိုင်တို့ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် သောင်းကျန်းသူ စစ်ကောင်စီအဖွဲ့ဝင်များသည် ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၆ နာရီကျော်တွင် ရပ်ကွက် ၅ ရှိ မသင်္ခါသော နေအိမ်သို့ဝင်ရောက်ပြီး ၉ တန်းကျောင်းသား မောင်မြတ်ဌေး၏ လက်ကိုင်ဖုန်းအား စစ်ဆေးရာ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင် တစ်ဦး၏ ဓာတ်ပုံအားတွေ့၍ မိသားစု ၃ ဦးအား ဖမ်းဆီးသွားကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက AB News သို့ ပြောသည်။

” သူတို့က မသင်္ခါတဲ့အိမ်တွေကို ဧည့်စာရင်းစစ်ဆေးတယ်၊ ဖုန်းတွေကိုလည်းစစ်ဆေးတော့ AA ယူနီဖောင်းဝတ်ထားတဲ့ ဓာတ်ပုံကို ဖုန်းထဲမှာတွေ့သွားတယ်၊ မိသားစုတွေကိုဖမ်းဆီးသွားတယ်” ဟုဆိုသည်။

ဖမ်းဆီးခံရသည့် မိသားစုအား မည့်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တိတိ ကျကျမသိရှိသေးသည့်အတွက် ဆွေမျိုးတော်စပ်သူများမှာ စိုးရိမ်လျက်ရှိနေသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည်က လမ်းပေါ်၌ အရက်မူပြီးသွားနေသည့် အဖ ဦးဖိုးမြ၏သား ဦးထွန်းထွန်းစိုးကိုလည်း စကစမှ ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများပြောပြချက် အရသိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်အချိန်ကလည်း စစ်တွေမြို့ မြို့သူကြီးရပ်ကွက်မှ ၁၃ ဦးနှင့် ကိုးရီးယားဆိပ်ကမ်းမှ ဒေသခံပြည်သူများအားစစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

ရက္ခိုင်တွင် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံသူဦးရေ တစ်ရက်ထက်ဘတစ်ရက်ပိုများလာနေပြီး၊ ဖမ်းဆီးခံရသူများမှာလည်း မိဘဆွေမျိုးများနှင့်ပင်အဆက်အသွယ်လုပ်ခွင့်မရကြကြောင်း သိရသည်။

Photo-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ