သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖားဆောင်းမြို့နယ် မော်ချီးဒေသကို  အကြမ်းဖက် စစ်ကော်မရှင် ဗုံးကြဲ ၊အရပ်သား ၅ ဦးထက် မနည်း သေဆုံး

AB News – နိုဝင်ဘာ ၂၁ ၊ ၂၀၂၅
ဆိုဖီ

ကရင်နီပြည်နယ် ၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၅ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူများ ရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီကျော်အချိန်တွင် မော်ချီးဒေသရှိ ခဲလုပ်ကွက်တစ်ခုအားအကြမ်းဖက် စစ်ကော်မရှင်မှ လေယာဥ် ၃ စီးဖြင့်   ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကေဒီခဲလုပ်ကွက်တွင် အလုပ် လုပ်နေသော ခဲလုပ်သား ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်းသိရသည်။

လက်ရှိတွင် သေဆုံးသူ ၅ ဦးထိရှိနေပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိရာ နီးစပ်ရာဆေးရုံတွင် ပို့ထားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကော်မရှင်သည် မော်ချီးဒေသတွင် ရှိသော ကေဒီလုပ်ကွက် အပြင် မော်ချီးဒေသရှိ အမှတ် (၂) စက်ရုံနှင့် ညောင်ပင်ဖက်တွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် သေဆုံးမှုကို အတိအကျ မသိရသေးပေ။

အလားတူ သြဂုတ်လ ၂၀ ရက်တွင်
အကြမ်းဖက်စစ်ကော်မရှင်မှ လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသ လိုခါးကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ