Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့တွင် ပညာရေးမှူး (ငြိမ်း)အပါအဝင် ကျောင်းဆရာမ ၄ ဦးနှင့် ၎င်းတို့၏ သားသမီး ၂ ဦးတို့ကိုလည်း စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရ

AB News-နိုဝင်ဘာ ၁၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် အထဲတွင် ပညာရေးမှူး အငြိမ်းစား ၁ ဦးအပါအဝင် ကျောင်းဆရာမ ၄ ဦးနှင့် ၎င်းတို့၏ သားသမီး ၂ ဦးလည်းပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ (၁) အငြိမ်းစားပညာရေးမှူး ဒေါ်မတင်ညွန့် အသက် ၅၀နှစ် (၂) အထက်တန်းပြဆရာမ ဒေါ်မလှခင် အသက် ၆၀ နှစ်၊ (၃) ဆရာမ ဒေါ်မလှခင်၏ သမီးဖြစ်သူ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မစုငြိမ်းလှိုင်၊ (၄) အထက်တန်းပြဆရာမ ဒေါ်သိန်းသိန်းဦး အသက် ၄၄ နှစ်၊ (၅) ဆရာမ ဒေါ်သိန်းသိန်းဦး၏ သားဖြစ်သူ မောင်စိုးရဲထက်နှင့် (၆) အငြိမ်းစားဆရာမ ဒေါ်မအုန်းခင် အသက် ၄၉ နှစ်တို့ဖြစ်ကြသည်။

၎င်းတို့မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ စစ်ကောင်စီအဖွဲ့က ပေါက်တောမြို့အား ပြန်လည် သိမ်းပိုက်စဥ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူ ၁ ဦးက AB News သို့အတည်ပြုပြောသည်။

“တိုက်ပွဲ ဖြစ်နေတဲ့အချိန်ပေါ့၊ ကျောင်းဆရာမအိမ်တွေကို သွားပြီးဖမ်းဆီးတာတွေရှိပါတယ်၊ တစ်ချိုဆရာမတွေက ပြေးလွှားနေရင်းနဲ့ အဖမ်းခံရလိုက်ရတာတွေ ရှိပါတယ်” ဟု ဆိုသည်။

AB News က စုံစမ်းရရှိသည့် သတင်းအရ ဖမ်းဆီး ထိန်းသိမ်းထားသူများအား ပေါက်တောမြို့ရှိ လောကထိပ်ပန်ဘုရားတွင် ထားရှိကြောင်း သိရပြီး၊ ထိန်းသိမ်းခံထားရသူ အရေအတွက် ၉၀ ကျော်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီက ပစ်ခတ်စဥ် အလယ်တန်းပြဆရာမ ဒေါ်မစောမြ သေဆုံးသွားကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝါဒဖြန့်ရန် သုံးသည့် မေယုဌာနေ (May Yu Htay Nay) တယ်လီဂရန်တွင် ဖော်ပြ ဝန်ခံထားသည်ကို တွေ့ရသည်။

မိသားစုဝင်များနှင့် ပြည်သူများမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးစေလိုပြီး၊ ၎င်းတို့၏ ကျန်းမာရေးအတွက် လွန်စွာ စိတ်ပူလျက်ရှိကြသည်ကို တွေ့ရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ