Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြိုနယ်တွင် အ ကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ သက်ကြီးပိုင်း ၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရ

AB New- ဇန်နဝါရီ ၇၊ ၂၀၂၄

ရက္ခိုင် ပြည်၊  ပေါက် တောမြိုနယ်၊ သဝင်ချောင်းကျေးရွာတွင်ယမန်နေ့ ဇန်နဝါရီ ၆ရက် ညနေပိုင်းအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ၏ လက်အောက်ခံ စစ်တွေ အခြေစိုက် ရဲတပ်ရင်း ၁၂ က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူမှာ သဝင်ချောင်းကျေးရွာ၊ ကျောင်းတက်လမ်းနေ ဦးသိန်းထွန်းဦး ၇၀ နှစ်ဖြစ်ပြီး၊   ဦးခင်ဝေ ၄၀ နှစ်မှာလည်း လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာခံ ၁ ဦးမှ AB News သိုပြောသည်။

“စစ်တွေကပစ်တဲ့ လက်နက်ကြီးက ရွာထဲကျ ပေါက်ကွဲတာ အမျိုးသား တစ်ယောက် သေသွားတယ်၊ အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ်” ဟု ၎င်းကျေးရွာခံက ဆိုသည်။

ထိုနည်းတူ ယနေ့ နံနက် အရုဏ် ၅ နာရီခွဲ အချိန်တွင်လည်းစစ်တွေ အခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းကြီးမှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စထိမှန်ပြီး စစ်တွေမြိုနှင့်ပုဏ္ဏားကျွန်းမြိုကြားတွင်ရှိသည့် မင်းချောင်းတံတားနီးရှိ ဂဏန်းအနှေးကန်မှ ဗမာ အလုပ်သမား ၁ဦးမှာလည်း ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပေါက်တောမြိုတွင် ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်မှစ၍ ရက္ခိုင့်တပ်တော်(AA)နှင့် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီအဖွဲတို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေ၍  အကြမ်းဖက်စစ်ကောင်စီအဖွဲ  443 နေဗီမှ လက်နက်ကြီးပစ်ကူပေးနေသလို စစ်တွေအခြေစိုက် ရဲတပ်ရင်း ၁၂ ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညဉ့်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း ၁၂ မှ လက်နက်ကြီးပစ်ခတ်၍  ပေါက်တောမြိုနယ် ၊တောင်းဖူးကျေးရွာမှ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်ခန့်ကလည်း ပေါက်တောမြစ်ပြင်တွင်ရပ်နားထားသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ  ကမ်းထိုးဇက်နေဗီ ၃ စီးကနေ ပေါက်တောမြိုပေါ်သိုလက်နက်ကြီးပစ်ခတ်ခဲ့သည့်သောကြောင့် ရပ်ကွက်တွင်း မီးလောင်မှုဖြစ်ခဲ့ရသည်။

အလားတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်အဖွဲ ဂျက်ဖိုက်တာဖြင့် ပေါက်တော မြိုပေါ်သို ဗုံးကြဲခဲ့သည့်အတွက် ပေါက်တောမြိုမဆေးရုံကြီးပျက်စီးခဲ့ရသလို သင်္ဘောဆိပ်၊ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ ရှိနေအိမ်တချိုမီးလောင်ခဲ့ရသည်။

ပေါက်တောတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတိုကြား တိုက်ပွဲ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး မြိုခံများမှာလည်း တိမ်းရှောင်နေကြရဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ