Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ကြည်း၊ရေ၊လေ အသုံးပြုတိုက်ခိုက်နေ

ပေါက်တောတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ကြည်း၊ရေ၊လေ အသုံးပြုတိုက်ခိုက်နေ

AB News- ဒီဇင်ဘာ ၁၊ ၂၀၂၃

ပေါက်တောတွင် အကြမ်းဖက် စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေ အသုံးပြုပြီး မြို့တွင်းရှိပိတ်မိနေပြည်သူများအား တိုက်ခိုက်နေကြောင်းသိရသည်။

၁၁ နာရီ ၂မိနစ်တွင် မကွေးဖက်မှ ပျံသန်းလာသည့် ဂျက်လေယာဥ်သည် ပေါက်တောမြို့သို့ ဗုံး ၃ လုံးထက်မနည်း ပစ်ချခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ဂျက်တိုက်လေယာဥ်က ဗုံးကြဲချတယ်၊ သုံး ၃ လုံးလောက်ရှိမယ်ထင်ပါတယ်၊ ပြီးတော့ မင်းပြားဖက်ကို ပျံသွားတယ်”ဟု ဆိုသည်။

ဂျက်တိုက်လေယာဥ်သည် ၂ ကြိမ်တိုင်တိုင်လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၁၁ နာရီ ၁၈ မိနစ်အချိန်တွင် စစ်တွေမြို့ ခလရ ၂၀ မှ ပျံသန်းလာသော ရဟတ်ယာဥ်သည် ပေါက်တောမြို့အပေါ်သို့ပျံဝဲပြီး ဗုံးတစ်လုံးကြဲချခဲ့သည့်အပြင် လက်ရှိသတင်းရေသားနေသော အချိန်အထိ အနီးတဝိုက်တွင် ပျံသန်းနေလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့အနီး အကြမ်းဖက် စစ်ကောင်စီ နေဗီမှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်လျက်ရှိသည်။

ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ တိုက်ပွဲ ဖြစ်ပွားနေခြင်း ရှိ/မရှိကိုကား တိတိ ကျကျ မသိရှိရသေးပေ။

ပေါက်တောမြို့ ကမ်းရိုးတမ်းတစ်လျှောက်၌ ရှိသော စကစ ရေတပ်နေဗီများမှလည်း လှမ်းကူပစ်ပေးနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ