Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် စစ်ကောင်စီမှ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပိတ်မိနေသည့်အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရ

( ရက္ခိုင့်တပ်တော်မှ ကယ်ထုတ်နေ)

AB News – နိုဝင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပိတ်မိနေသည့်​အမျိုးသမီး ၄ ဦး ဒဏ်ရာ ရရှိသွားခဲ့ပြီး ၎င်းတို့အားရက္ခိုင့်တပ်တော်မှ ကယ်ထုတ်နေကြောင်း​သိရသည်။

စစ်ကောင်စီမှ လေတပ်၊ ရေတပ်များဖြင့်သာမက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ထိခိုက်ဒဏ်ရာ ရသွားခဲ့ခြင်းဖြစ်သည်။

၎င်းအမျိုးသမီးများသည် မည်သည့်ရပ်ကွက်မှ ဖြစ်သည်ကို AB News က စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအား ရက္ခိုင့်တပ်တော် ကယ်ထုတ်နေကြောင်း တွေ့ရှိရသည်။

ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေတွင်လည်း စစ်ကောင်စီမှ ဒရုန်းဖြင့်ဗုံးကြဲချခဲ့သည့်အတွက် ပုဏ္ဏားမြို့နယ် ၊ ခမောင်းတောရွာနှင့် ရဲရိုးပြင်ရွာတို့မှ အရပ်သားပြည်သူ ၂ ဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရသည်။

ထို့အပြင် စစ်ကောင်စီ ရေတပ်နေဗီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်ဆိပ်ကျေးရွာ၏ ဆိပ်ကမ်းအနီးတွင် ကျရောက်ပေါက်ကွဲ ပြီး ဘုတ်တစ်စီး မီးလောင်သွားခဲ့သည်။

ရက္ခိုင်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီအဖွဲ့က လက်နက်ကြီး ငယ်များဖြင့် ပစ်သတ်၍ အရပ်သားပြည်သူ ၃၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၄၆ ဦးကျော်ထိ ရှိလာနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ