Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ မြို့နယ်သံဃာ့မဟာနာယက ဥက္ကဌဆရာတော်၏ ကျောင်းဖြစ်သည့် မြို့မကျောင်းတိုက်အား စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီး

AB News-မတ်လ ၈၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ အလယ်၊ စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ မြို့နယ်သံဃာ့နာယက ဥက္ကဌဆရာတော်၏ ကျောင်းဖြစ်သည့် မြို့မဘုန်းတော်ကြီးကျောင်းတိုက်အား ပါဒလိတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ အမြှောက်ကြီးများဖြင့် ကြိမ်ရေများစွာ ပစ်ခတ်ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။

၎င်းမြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင်းရှိ အသစ်ဆောက်လုပ်ထားသည့် ၃ ထပ်ကျောင်းဆောင်၊ တစ်ထပ်ကျောင်းဆောင်နှင့် သင်္ခန်းများစွာတို့ လက်နက်ကြီးကျည်ထိ ပျက်စီးသွားကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားချက်အရ သိရသည်။

၎င်းကျောင်းဆောက်လုပ်စဥ် သိန်းပေါင်း သောင်းကျော် ကုန်ကျခံပြီး ဆောက်လုပ်ထားသည့် ကျောင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့ထဲရှိ ရွာဟောင်းရပ်ကွက်မှ နေအိမ်အများစုမှာ ယနေ့မနက်က စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိ ပျက်စီးသွားကြောင်း သိရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ