Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ နေရာ ၃ ခုတွင် လက်နက်ကြီးကျည် ကျ ပေါက်ကွဲ၊ လူထိခိုက်သေဆုံးမှုမရှိဟု သိရ

( စကစတပ်ဖွဲ့များ မပေါက်ကွဲသောလက်နက်ကြီးများ ကောက်ယူနေ)

AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၃

ပုဏ္ဏားကျွန်းမြို့ အခြေစိုက် တပ်မ ၂၂ လက်အောက်ခံ စစ်ကောင်စီတပ်သားများမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ် ၃ နေရာတွင် ပေါက်ကွဲခဲ့ပြီး လူထိခိုက် သေဆုံးမှုမရှိဟုသိရပြီး၊ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များအား စကစအဖွဲ့မှ ပြန်လည်ကောက်ယူနေကြောင်း AB News က ကနဦးစုံစမ်း သိရှိရသည်။

စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံတပ်သည် ၅၅ဝ တပ်ရင်းအနီးရှိ ကင်းတောင် တောင်ကုန်းငယ်ပေါ်တွင်တည် ရှိသည်။

၎င်းတို့သည် ယမန်နေ့ည ၈ နာရီကျော်ခန့်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ်ရှိ နေရာ ၃ ခုတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“လက်နက်ကြီးကဆက်တိုက်ပစ်ခတ်ပါတယ်၊ နေရာ ၃ ခုကိုကျရောက်ပေါက်ကွဲပါတယ်၊ ပြည်သူတွေလည်း ထိတ်လန့်နေကြပါတယ် “ဟု ဆိုသည်။

လက်နက်ကြီးကျရောက်သည့် နေရာ ၃ ခုမှာ ရွှေဦးရာဇ်မိုးကုတ်ကျောင်း ဝင်းအတွင်း ၁ လုံး၊ ရွှေတောင်တန်းကျောင်းအလွန် ဦး(………) အမည်မဖော်လိုသူ၏ နေအိမ်အနီး ၁ လုံး နှင့် ဆေးရုံနောက်ဖေးရှိ နေအိမ်တွင် ၁လုံး တို့ဖြစ်သည်။

ဦး (………)၏ နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးသည် ၎င်း၏နေအိမ်ခေါင်မိုးပေါ်သို့ ကျည်စများထိမှန်သွားခဲ့သည်ဟု မြို့ခံများပြောပြချက်အရ သိရသည်။

ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီအဖွဲ့သည် မြို့ထဲဝင်ရောက်ပြီး မပေါက်သေးဘဲ ကျန်ရှိနေသည့် လက်နက်ကြီးများကို ပြန်လည် ကောက်ယူနေကြောင်း သိရပြီး ထိခိုက် ပျက်စီးမှုအသေးစိတ်အချက်အလက်များကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက် ၈ နာရီကစပြီး ပုဏ္ဏားကျွန်းဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ