Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၊ စေတီပုထိုးတော်ပျက်စီးသွား

AB News – မတ်လ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ ရက္ခိုင်လူမျိုးများ၏အထင်ကရသမိုင်းဝင်တစ်ဆူဖြစ်သော ဦးရာဇ်တောင်စေတီတော်ကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သွားခဲ့ကာ ပျက်စီးသွားခဲ့ရသည်။

ယနေ့ မတ်လ ၁၃ ရက်နံနက် ၈ နာရီခွဲတွင် ပါဒလိတ်အခြေစိုက်တပ်ရင်းမှ လက်ကြီးများဖြင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်ဖက်သို့ လှမ်းပစ်ခဲ့ကြောင်း ဒေသခံများထံမှတဆင့်သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်သာ မက ရက္ခိုင်လူမျိုးများ၏ အမြတ်တနိုးတန်ဖိုးထားသည့် စေတီများကို ပစ်ခတ်နေခြင်းမှာ သမိုင်းကိုဖျက်ဆီးခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

” စစ်ကောင်စီတွေ ပစ်လို့ စေတီမှာလက်နက်ကြီးကျည်ကျသွားပါတယ်။ သူတို့ပြည်သူတွေကိုလည်း ပစ်တယ်။ ပြီးတော့ ရက္ခိုင်တွေရဲ့ အထွဋ်တမြတ်တန်ဖိုးထားတဲ့ စေတီကိုလည်း ပစ်ခတ်တယ်။ “ဟု ဆိုသည်။

အဆိုပါစေတီတော်ကို ပစ်ခတ်သည့် တပ်ရင်းမှာ ပါဒလိတ်အခြေစိုက် ၅၃၅ တပ်ရင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဦးရာဇ်တော်ဓာတ်စေတီတော်သည်  ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းတစ်ဖက်ကမ်းရှိအမြင့် ၁၈၈ ပေမြင့်သည့် သေလာပိဋ္ဌိပဗ္ဗတောင်ထိပ်ပေါ်တွင် တည်ရှိပြီး၊ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၅၃ ပေနှင့် လုံးပတ် ၄၀၁ ပေရှိသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ရက် နံနက် ၅နာရီကျော် ခန့်တွင် စစ်ကောင်စီအဖွဲ့သည် မြောက်ဦးမြို့ နန်းရာကုန်းပေါ်တွင်တည်ရှိသည့် ရက္ခိုင်တို့၏တန်ဖိုးထားရသော ‌ရှေး‌ဟောင်းယဉ်ကျေးမှုပြတိုက်ကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့သည်။ 

ထို့ကြောင့် ယဉ်ကျေးမှုပြတိုက်အတွင်း နှစ်ပေါင်း ၂၀၀နှင့်အထက် ရက္ခိုင့်ဘုရင့်နိုင်ငံကာလတုန်းကအသုံးပြုခဲ့သော နန်းတွင်းအသုံးအဆောင်ပစ္စည်းများ၊ သမိုင်းမှတ်တမ်း‌ ကျောက်စာတိုင်များ၊ ရှေးဟောင်းလက်နက်များ၊ ‌ရှေ့ဟောင်းရွှေဒင်္ဂါးပြားများ၊ ရှေးခေတ်ကျောက်ဆစ်လက်ရာများ နှင့် ကြေးထည်များမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများ၏ နေအိမ်များကိုမီးရှိူ့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခိုးဆိုးလုယက်ခြင်းများနှင့် သမိုင်ဝင်အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလာမှုကိုတွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ