သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးထိမှန်မှုကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဇူလိုင် ၁၁၊ ၂၀၂၅
နွယ်စိုး

စစ်တွေအခြေစိုက် စစ်ကောင်စီ၏ ခလရ (၉၀၈) တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သက်​ကြီးပိုင်းအမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ
များ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ညောင်ပင်ရင်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးကျော်လှမောင် ဖြစ်သည်။

ဇူလိုင် ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်က စစ်တွေမြို့နယ်၊ ကျားမသောက်ရွာအနီးရှိ စစ်ကောင်စီ၏ (၉၀၈) တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီး အလုံး ၂၀ ခန့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“၅ နာရီကတည်းက ပစ်နေတာ။ ဘာတိုက်ပွဲမှ မရှိပဲ ရမ်းသမ်းပစ်နေတာ အလုံးနှစ်ဆယ်လောက်ကျတယ်။ ညောင်ပင်ရင်းရွာမှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် ညောင်ပင်ရင်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကျော်လှမောင်၏ ညာဘက်လက်မောင်းနှင့် ဘယ်ဘက်ခြေထောက်တို့တွင် ထိမှန်ခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးသော ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့တို့ကိုလည်း ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် ကျေးရွာအချို့မှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
၂၀၂၆ ခုနှစ်အတွင်း ရက္ခိုင်ကို ၁၀ ကြိမ်ထက်မနည်း စကမ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်း နှင့် ပြည်သူ ၃၃ ဦးသေဆုံး၊ ၅၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ(သေဆုံးသူများတွင် လသားအရွယ်ကလေးငယ်များပါဝင်နေ)