Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် အမျိုးသားတစ်ဦးအား ကားလမ်းမဘေး၌ စစ်ကောင်စီရဲအဖွဲ့က ပစ်သတ်ထားသည်မှ ၃ ရက်ရှိနေပြီး ကောက်ယူသင်္ဂြိုလ်ပေးဝံ့သူမရှိဖြစ်နေ

AB News – နိုဝင်ဘာ ၃၀ ၊ ၂၀၂၃

ရက္ခိုင်ပြည် ၊ ပုဏ္ဏားကျွန်းနယ် လက်ဝဲစာတိုက်တံတားအနီး ကားလမ်းမဘေးတွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီရဲအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ထားကြောင်း သိရသည်။

ပစ်သတ်ခံရသူသည် စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း သာစည်ရွာသားများက ဆိုသော်လည်း မည်သူ မည်ဝါဖြစ်ကြောင်း တိကျစွာ AB News ကအတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်ကောင်စီ သောင်းကျန်းသူအဖွဲ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့က ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းပင် ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” အလောင်းကတော့ ၃ ရက်လောက်ရှိပါပြီ၊ သူတို့ပစ်သတ်ပြီး လမ်းဘေးနားမှာ ချထားတာ၊ ကောက်ယူဖို့လည်း အဆင်မပြေဘူး၊ အဲဒီအနားမှာက စစ်ကောင်စီရဲအဖွဲ့ရှိပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သာစည်ရွာမှ ရွာလုံးကျွတ်ထွက်ပြေးရာ၌ ၎င်းသည် ရွာထဲတွင်ကျန်ခဲ့ပြီး လျှောက်သွားနေစဥ် စကစ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လှမ်းပစ်ခဲ့ကြောင်း သာစည်ရွာသားများက ဆိုသည်။

လက်ရှိတွင် လက်ဝဲစာတိုက်တံတားဦး သို့ ထွက်သည့် မည်သူ့ကို မဆို စကစအဖွဲ့သည် တောင်ပေါ်မှ နေ၍ လက်နက်ငယ်များဖြင့် လှမ်းပစ်မှုများ ရှိနေပြီး တံတား၊ ကားလမ်းပေါ်တွင်လည်း မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ဒေသခံများကပြောသည်။

မိုခါမုန်တိုင်းအလွန်က AB News ကွင်းဆင်းလေ့လာသတင်းယူစဥ်တွင် ၎င်းတံတားပေါ်ရှိ စကစ ကင်းစခန်း တစ်ခုရှိသည်ကို တွေ့ခဲ့ရသည်။

ပုဏ္ဏားကျွန်းမှ ရသေ့တောင်စေတီပြင်တံတားထိ စကစ ကင်းစခန်း ၅ ခုထက်မနည်း ရှိသည်ကို တွေ့ခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ