Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် လက်နက်ကြီးကျည်စ ထိမှန်၍ ညီအစ်မ ကလေးငယ် ၂ ဦး ဒဏ်ရာရရှိ

AB News – ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်၍ ကလေးငယ် ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း AB News မှ ထောက်လှမ်းသိရသည်။

ဒဏ်ရာ ရရှိသော ညီအစ်မနှစ်ဦးမှာ အဖ ဦးမောင်ခင်သန်း၏သမီး အသက် ၁၂ နှစ်အရွယ် အစ်မဖြစ်သူ မအေးအေးခိုင် နှင့် အသက် ၆ နှစ်အရွယ် ညီမဖြစ်သူ မအေးမြတ်နွယ်တို့ဖြစ်သည်။

ယနေ့ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ပါဒလိတ်တပ်ရင်းမှ လက်နက်ကြီး ၁၀ ကျော်ထက်မနည်းပစ်ခတ်ခဲ့ရာ ဦးမောင်ခင်သန်းအိမ်ရှေ့သို့ ကျရောက်ပေါက်ကွဲပြီး ဗုံးခိုကျင်းတွင်းအဝ၌ ဖုန်းကြည့်နေသော ညီအစ်မ ကလေးငယ် ၂ ဦးထံ ကျည်စထိမှန်သွားခဲ့သည်ဟု ရွာခံသားတစ်ဦးက AB News သို့ ပြောသည်။

” လက်နက်ကြီးက အိမ်ရှေ့မှာ ကျပါတယ်၊ အမေနဲ့အဖေက ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းနေကြတယ်၊ သမီး ၂ ဦးကတော့ ဗုံးခိုကျင်းဝမှာ ဖုန်းကြည့်နေကြတယ်၊ အိမ်ရှေ့က ကျည်စက သူတို့ ဆီမှာ ထိ သွားတယ်” ဟု ဆိုသည်။

မအေးအေးခိုင်သည် ၅ တန်းကျောင်းသူဖြစ်ပြီး မအေးမြတ်နွယ်မှာ Kg တန်းကျောင်းသူဖြစ်သည်။

အစ်မဖြစ်သူတွင် လက်မောင်း၌ ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး ညီမဖြစ်သူတွင် မျက်ခမ်းအောက်တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း တွေ့ရသည်။

၎င်းဒဏ်ရာများအား ရပ်ရွာမှ ဆေးဆရာတစ်ဦးနှင့် ဆေးကုသနေသော်လည်း ဗုံးစထုတ်မရသေးကြောင်း ​သိရသည်။

ထို့အပြင် အိမ်၏သွမ်မိုးတစ်ချို့လည်း ကျည်စထိမှန်ခဲ့ကြောင်း တွေ့ရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူမှူကြောင့် ရက္ခိုင်ပြည် မြို့နယ် အများအပြားတွင် သေဆုံးသူ ၄၀ ကျော်ထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၆၀ ကျော် ရှိလာနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ