Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ဝက် ၂ ကောင်သေဆုံးပြီး၊ အိမ်တစ်ဆောင်မီးလောင်

ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ဝက် ၂ ကောင်သေဆုံးပြီး၊ အိမ်တစ်ဆောင်မီးလောင်

AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ဝဲစာတိုက်ရွာမှ ဝက် ၂ ကောင်သေဆုံးပြီး၊ အိမ်တစ်ဆောင် မီးလောင်သွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ယနေ့နိုဝင်ဘာ ၂၇ရက်နေ့ နေ့လည် ၁၂ နာရီကျော်တွင် လက်နက်ကြီးအလုံးရေ ၁၀၀ ကျော်ထက်မနည်းပစ်ခတ်ခဲ့ရာ ၎င်းရွာထဲသို့ တစ်လုံး ကျရောက်ပေါက်ကွဲ သွားခဲ့သည်။

လက်နက်ကြီးကြောင့် လူအသေအပျောက်မရှိသော်လည်း ဝက် ၂ ကောင် နှင့် အိမ်တစ်ဆောင် မီးလောင်သွားကြောင်း လက်ဝဲစာတိုက် ရွာသားတစ်ဦးက AB News သို့ ပြောသည်။

“လူအသေအပျောက်တော့မရှိလို့ ကံကောင်းသွားတယ်၊ ဝက် ၂ ကောင်ပါသွားတယ်အိမ်တစ်ဆောင်ပါသွားတယ်” ဟု ဆိုသည်။

မီးလောင်ကျွမ်းသွားသည့်အိမ်ကို ရွာသားတစ်ချို့ ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့သည့်အတွက် အုန်း၊ ပျဥ် တစ်ချို့ရလိုက်ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီမှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်နေသောကြောင့် ဒေသခံ ပြည်သူများလည်း ထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ