Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီမှပစ်ခတ်သောလက်နက်ကြီးကျည်ကြောင့် ဘုတ်တစ်စီး မီးလောင်နေ

ပုဏ္ဏားကျွန်းနယ်တွင် စစ်ကောင်စီမှပစ်ခတ်သောလက်နက်ကြီးကျည်ကြောင့် ဘုတ်တစ်စီး မီးလောင်နေ

AB News – နိုဝင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာတွင် စစ်ကောင်စီ ရေတပ်နေဗီမှ ပစ်ခတ်သောလက်နက်ကြီးကျည်ကြောင့်ဒေသအခေါ် ( ဖောင်တော် ) ဆိပ်ကမ်းအနီးရှိ ဘုတ်တစ်စီး မီးလောင်သွားကြောင်း AB News က စုံစမ်းသိရှိရသည်။

စကစ တို့သည် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ရေတပ်နေဗီမှ ၎င်းရွာသို့ ပစ်ခတ်သည့်အတွက် ဘုတ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ၄ နာရီလောက်မှာ စကစတွေက နေဗီကလှမ်းပစ်တာပါ ၊ ဘုတ်တစ်စီးမှာထိသွားပြီး မီးလောင်နေပါတယ်” ဟု ဆိုသည်။

ထိုဘုတ်မှာ ကျောက်ဆိပ်ရွာမှ ဘုတ်ဖြစ်ပြီး ရဲထူးပိုင်ဆိုင်သည်ဟု သိရှိရသော်လည်း AB News က သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါဘုတ်ကိုလည်း ပြုလုပ်ရန်အတွက် ကုန်းပေါ်တွင်တင်ထားသည့် ဘုတ်ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် မီးလောင်နေသောဘုတ်ကို ရွာသားတစ်ချို့ မီးငြိမ်းသတ်ရန်သွားနေကြောင်း သိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီမှ ဒရုန်းဖြင့်ဗုံးကြဲချမှုကြောင့် ခမောင်းတောရွာမှ အမျိုးသမီးတစ်ဦး၏ ဘယ်ဖက်မျက်လုံး ၁ လုံးကန်းသွားပြီး၊ ရဲရိုးပြင်ရွာမှ အမျိုးသားတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တွေ့ရသည်။

စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများကို ဦးတည်ပစ်ခတ်လာမှုကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ ထွက်ပြေးနေကြရသည်။

ရွာသားများမှ ဘေးလွတ်ရွာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ