Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် စပါးရိတ်သိမ်းနေသည့် လယ်သမားများအား စကစမှ ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်သွား၊ လူထိခိုက်မှုမရှိ

AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာတွင် စပါးရိတ်သိမ်းနေသည့် လယ်သမားများအား စကစ ရဟတ်ယာဥ် ၁ စီးမှ လက်နက်ငယ်စက်သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ရဟတ်ယာဥ် ၁ စီးသည် ယနေ့ ၁၁ နာရီကျော်တွင် ပုဏ္ဏားဖက်မှ ကျောက်တော်ဖက်သို့ ပျံသန်းရာ မင်းဇီချောင်းရွာအနီးတွင် စပါးရိုက်သိမ်းနေကြသည့် လယ်သမားများအား ပစ်ခတ်သွားခဲ့သည် ဟု ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ၁၁ နာရီကျော်လောက်မှာပါ၊ ရဟတ်ယာဥ်က ရွာရဲ့အပေါ်ကနေပျံသန်းလာတယ်၊ စပါးရိတ်သိမ်းနေတဲ့ လယ်သမားတွေကို ၂ မိနစ်လောက်ပစ်ခတ်တယ်၊ လယ်သမားတွေလည်း ပြေးကြတော့ အထိအခိုက်မရှိသွားဘူး” ဟု ဆိုသည်။

စစ်ကောင်စီရေတပ်နေဗီသည် ကုလားတန်မြစ်မှတက်လာသည့်အတွက် ပစ်ခတ်သွားခြင်းဖြစ်နိုင် ကြောင်း အနီးအနားရှိ ရွာခံသားများပြောပြချက်အရသိရသည်။

လက်ရှိတွင် မင်းဇီချောင်းရွာခံသားများသည် စိုးရိမ်ထိတ်လန့်လျက်ရှိပြီး တစ်ခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြကြောင်း AB News က စုံစမ်းသိရှိရသည်။

ရဟတ်ယာဥ်မှ ပစ်ခတ်သည့် လက်နက်ကျည်ကြောင့် စပါးရိတ်သိမ်းနေသော လယ်သမားများအားထိမှန်ခြင်းမရှိခဲ့သော်လည်း စပါးရိတ်သိမ်းရန်ပင် ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်အနှံ့ ရှိရေတပ်နေဗီ မှ လက်နက်ငယ်၊ လက်နက်ကြီးများ ပစ်ခတ်နေခြင်းနှင့် ​ရဟတ်ယာဥ်များမှ စက်သေနတ်များဖြင့် ပစ်ခတ်လာသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြည်သူများအား ပစ်မှတ်ထား ပစ်ခတ်မှု ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်မှု များလာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ