Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် မြို့နယ်ထွေအုပ်ရုံးနှင့် မြို့တော်ခန်းမလမ်းကြားငယ် ၂ ခု၌ စစ်ကောင်စီအဖွဲ့ မိုင်းထောင်ထား

ပုဏ္ဏားကျွန်းတွင် မြို့နယ်ထွေအုပ်ရုံးနှင့် မြို့တော်ခန်းမလမ်းကြားငယ် ၂ ခု၌ စစ်ကောင်စီအဖွဲ့ မိုင်းထောင်ထား

AB News – ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့နယ်ထွေအုပ်ရုံးနှင့် မြို့တော်ခန်းမ လမ်းကြားငယ် ၂ ခုတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က မိုင်းထောင်ထားကြောင်း သတင်းရရှိသည်။

အရပ်ဝတ် ဝတ်ထားသည့် အကြမ်းဖက် စကစအဖွဲ့သည် ယနေ့နံနက် ၉ နာရီခန့် တွင် အဆောင် ၂ ခု၏ လမ်းကြားငယ်များတွင် မိုင်းထောင်နေသည်ကို ​မြို့ခံတစ်ဦးက မြင်ခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက လမ်းများတွင် ထိုသို့ မိုင်းများ ထောင်ထားသည့်အတွက်ကြောင့် မြို့ပေါ်ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့က အရပ်ဝတ်တွေနဲ့မိုင်းထောင်ကြတယ်၊ လမ်းကြားငယ်တွေမှာလည်း အများကြီးထောင်ထားတယ်” ဟု ဆိုသည်။

မြို့တော်ခန်းမ နှင့် ထွေအုပ်ရုံး ဧရိယာသည် အလျား၊ အနံ စတုရန်းပေ ၂၀၀ ခန့်ရှိပြီး၎င်းတို့ မိုင်းထောင်ထားသော လမ်းကြားငယ်မှာ ၆ ပေခန့် ရှိကြောင်း AB News မှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ၎င်းအဆောင်ရှေ့တို့တွင် ဘယ်ရီဂိတ် ( သံခြံ) များချထားပြီး စစ်အင်အား ၃၀ ကျော်ခန့် လက်နက်အပြည့်အစုံဖြင့် နေရာယူထားလျက်ရှိသည်။

စစ်ဖြစ်လာမည့် အန္တရာယ်ကို စိုးရိမ်၍ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ဒေသခံတစ်ချို့လည်း နီးစပ်ရာ ဆွေမျိုးများအိမ်သို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ပုဏ္ဏားကျွန်းမြို့ မြို့မဈေး မီးလောင်သွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ