Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြိုနယ်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လူနေရွာအား ပစ်ခတ်တိုက်ခိုက်၍ စစ်ဘေးရှောင် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ရ

ပလက်ဝမြိုနယ်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လူနေရွာအား ပစ်ခတ်တိုက်ခိုက်၍ စစ်ဘေးရှောင် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ရ

AB News-ဇန်နဝါရီ ၁၆၊ ၂၀၂၄

ပလက်ဝမြိုနယ် ကျီးလေးရွာအား စစ်ကောင်စီအဖွဲက ဂျက်တိုက်လေယာဥ်ဖြင့် ယမန်နေ့ ဇန်နဝါရီ ၁၅ ရက် ညနေ ၂ နာရီ ၃၀ ခန့်တွင် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ထိုရွာတွင် စစ်ဘေးရှောင်နေကြသည့် စစ်ဘေးရှောင် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသည့် စစ်ဘေးရှောင်များမှာ ပလက်ဝမြိုထဲမှဖြစ်ပြီး ၎င်းတိုမှာ အဖဦးအောင်ဝင်း၏သား အသက် ၅ နှစ်အရွယ် မောင်မြတ်သူအောင်၊ အဖဦးရွှေအောင်ဖြူ၏သား အသက် ၄၉နှစ်အရွယ် ဦးမောင်ကျန်၊ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဖြူနှင့် အဖဦးသိန်း၏သား အသက် ၃၆နှစ်အရွယ် ဇော်ဇော်လွှင်တို ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာ ပလက်ဝမြို ရွာမရပ်ကွက်မှ အသက် ၂၂ နှစ်အရွယ် မောင်အောင်ဆန်းဘို ၎င်း၏ ရင်ဘ တည့်တည့်တွင် ကျည်ထိမှန်ခဲ့ပြီး၊ မီးလက်ဝကျေးရွာမှ အသက် ၈ နှစ်အရွယ် မဆန်းဆန်းနွယ်နှင့် အသက် ၃၉နှစ်အရွယ် နွယ်နွယ်သန်းတိုတွင် ဒဏ်ရာအသေးစားရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပလက်ဝမြိုကို ရက္ခိုင့်တပ်တော်က အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်ယူထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ