သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စစ်ကောင်စီက ခရစ်ယာန်ဘုရားကျောင်းကို ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်

AB News ဖေဖော်ဝါရီ ၂၈ ၊၂၀၂၅

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အာရက္ခတပ်​တာ်် ထိန်းချုပ်နယ်မြေ ဖြစ်သော ပလက်ဝမြို့နယ်၊ ပျဉ်ဝရွာကို  အကြမ်းဖက် စစ်ကောင်စီတပ်က  ဂျက်ဖိုက်တာဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ်အချို့ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

 ဖေဖော်ဝါရီလ ၂၅ ရက်နေ့  ည ၈ နာရီ  ၄၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီက  ဂျက်ဖိုက်တာဖြင့် ပျဉ်ဝရွာကို ပေါင် ၅၀၀ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံ ၁ ဦးက AB Newsသို့ပြောသည်။

“ပေါင် ၅၀၀ဗုံး ၂လုံးကြဲချခဲ့တယ်။ဘုရားကျောင်းနဲ့ နေအိမ်အချို့ပျက်စီးသွားတယ်” ဟု ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျဥ်ဝရွာမှ ဘုရားကျောင်းနှင့် နေအိမ်အချို့   ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 ဇန်နဝါရီလ ၁၃ ရက်နေ့၊ ညဥ့်၁၁ နာရီအချိန်ခန့်ကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ထွေအုပ်ရုံးနှင့် ပြည်သူပိုင်နေအိမ်အချို့ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဓညဝတီ ရေတပ်စခန်းဌာနချုပ်အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီလ၂၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ၊လေညင်းတောင်ကျေးရွာကို အကြမ်းဖက်စစကောင်စီမှ Y-12လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ