Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စကစမှ ရဟတ်ယာဥ်ဖြင့်ဗုံးကြဲချ၍ အမျိုးသား ၂ ဦးပြင်းထန်ဒဏ်ရာရ

( ဘုန်းကြီးကျောင်းဆောင်တစ်ခြမ်း ပျက်စီးသွား )

AB News – ဒီဇင်ဘာ ၅၊ ၂၀၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တရွန်အိုင်ဗျူဟာအနီးသို့အကြမ်းဖက် စကစ အဖွဲ့မှ ရဟတ်ယာဥ် ၁ စီးဖြင့် ဗုံးကြဲချခဲ့သည့်အတွက် ဒေသခံ ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တစ်ခြမ်း ပျက်စီးသွားခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများမှာ စက်ပိုက်ပြင်ရွာမှ အသက် ၄၆ နှစ်အရွယ် ဦးသန်းမောင် နှင့် ဇာတိကိုင်းရွာမှ စစ်ဘေးရှောင်နေသော အမည်မသိအမျိုးသားတစ်ဦးဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စကစ အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ရဟတ်ယာဥ်ဖြင့် ဗုံး ၆ လုံးကြဲချခဲ့ရာ စက်ပိုက်ပြင်ရွာမှ လူ ၂ ဦး ကျည်စ ထိမှန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ၁၂ နာရီ ထိုးခါနီးပါပြီ၊ ရဟတ်ယာဥ် ၁ စီးနဲ့ ဗုံး ၆ လုံးကြဲချတယ်၊ ရွာထဲမှာ တစ်လုံးကျပြီး ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်” ဟု ဆိုသည်။

၎င်းရွာအနီးတွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ မှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချသွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဦးသန်းမောင်၏ ရင်ဘတ်တွင် ကျည်စထိမှန် ဒဏ်ရာကြောင့် အသက်ရှုပ်ကြပ်လျက်ရှိနေပြီး နီးစပ်သည့်ဆေးခန်းတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဘုန်းကြီးကျောင်းဆောင်အနီးတွင် ၅ လုံးပေါက်ကွဲခဲ့သည့်အတွက် ကျောင်းဆောင်တစ်ခြမ်းပျက်စီးသွားခဲ့ကာ မီတာ ၅၀ အကွာအဝေး၌ ရှိသော အမည်မသိ အမျိုးသားတစ်ဦး ကျည်စထိမှန်သွားခဲ့သည်။

တရွန်အိုင်ဗျူးဟာကုန်းကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။

အထိနာ​နေသော အကြမ်းဖက် စကစအဖွဲ့တို့သည် ရက္ခိုင်ပြည်တွင်းရှိ မြို့ရွာများသို့ ဗုံးကြဲချပြီး (Genocide )အစုလိုက် အပြုံလိုက် ရည်ရွယ်ချက်ရှိရှိသတ်နေခြင်း၊ စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်နေခြင်း၊ ရပ်ရွာများသို့ဝင်ရောက်ပြီး မီးရှိူ့ခြင်း နှင့် ​အပြစ်မဲ့ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ