သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နွားထိုးကြီးမြို့နယ်တွင် ကျေးရွာ ၃ ရွာမှ နေအိမ် ၁၃၀ ကျော်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

AB News – ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆
မာလာဝင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ငှက်ပျောအိုင်ကျေးရွာ၊ ကဒေါင်းကျေးရွာ၊ သာပေါင်းကျေးရွာတို့တွင် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျခဲ့ရကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွားထိုးကြီးမှ ထွက်လာသော စစ်ကော်မရှင်တပ် စစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်၊ ငှက်ပျောအိုင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သာပေါင်းရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် ၄၀ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း ကဒေါင်းကျေးရွာ၌ ဝင်ရောက်တပ်စွဲ နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်းရှိ နေအိမ် ၈၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် နဘူးတောရွာမှ အမျိုးသား ၂ ဦးကိုလည်း ထမင်းချက်အဖြစ် ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုကြသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းကြောင့် သာပေါင်းရွာ၊ ငှက်ပျောအိုင်ရွာ၊ ကဒေါင်းရွာ၊ ဒေါင်းဦးရွာနှင့် ညောင်ဇင်ရွာမှ ပြည်သူ ၆၀၀၀ ခန့်သည် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ