သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာကို စစ်ကောင်စီ ဗုံးကြဲ၊ ကိုရင် ၃ ပါးအပါအဝင် အရပ်သား ၆ ဦးသေဆုံး

AB News – ဧပြီ ၁၂၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာဘုန်းတော်ကြီးကျောင်းကို ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွှဲ ၁နာရီ၊ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် ကိုရင် ၃ ပါးအပြင် ပြည်သူ ၆ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

ဗုံးကြဲစဥ်အတွင်း ဘုန်းတော်ကြီးကျောင်း၌ရှိသော ကိုရင် ၃ပါး၊ ကျောင်းသား ၁ ဦး၊ ကပ္ပိယသက်ကြီးပိုင်း ၁ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထပ်မံ ကိုရင် ၃ပါး နှင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခဲ့သော ဂျက်ဖိုက်တာသည် တံတားဦးလေတပ်မှ တက်လာသည့် လေယာဥ်ဖြစ် ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည်း နိုင်ငံအနှံ့ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး လှမ်းပစ်ခြင်းများ အပြင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ဘာသာ‌‌‌ေရးအဆောက်အဦး၊ ဆေးရုံ၊ ဆေးခန်း နှင့် စစ်‌ဘေးရှောင်စခန်းများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ